" Messageတွေမကြာခဏပို့မယ်ဆိုပြီး ငါ့ကို အိမ်မက်တွေပေးခဲ့တာ .. ဗိုလ်ချုပ်ကဘာတာ၀န်တွေပေးထားလို့လဲ .. လတော်တော်တောင်ကြာတယ် မင်းနဲ့အဆက်အသွယ်မရတော့တာ .. အဲ့လိုပဲထင်တယ်.. စက်ပိတ်ထားတဲ့အထိ အရေးကြီးတဲ့စစ်ဆင်ရေးလား .. "
ဂျယ်မင်က ကျွန်တော့်အားတွေ့လိုက်တာနဲ့ ထုံးစံအတိုင်း သူ့ကိုမဆက်သွယ်ရကောင်းလားဆိုပြီး
ပွားပါတော့သည် ..အဆက်ပြတ်မေးလာတဲ့မေးခွန်းများကို
နားထောင်ပြီးသူ့အစားမောလာရသည်..." မင်းကလည်းဖြေးဖြေးမေးပါကွ .. ငါထွက်ပြေးသွားမှာကြနေတာ .. "
" မတွေ့တာကြာတော့ပြောချင်တာတွေများနေလို့
ပါ.. "" sorryပါသူငယ်ချင်းရာ .. တစ်ဖက်လည်းရိပ်မိမှာစိုးလို့မင်းဆီမဆက်သွယ်ခဲ့တာ .. "
" မေးစရာရှိသေးတယ် မင်းစိတ်တော့မဆိုးဘူးမဟုတ်လား .. "
ဂျယ်မင်းရဲ့မမေးရဲဖြစ်နေတဲ့စကားကြောင့်
Kimတစ်ချက်ရယ်လိုက်ပါသေး၏.." စိတ်ဆိုးရအောင် မိန်းကလေးမှမဟုတ်ဘဲ .. ငါတို့ကသူငယ်ချင်တွေပဲ ပွင့်ပွင့်လင်းလင်းမေးလို့
ရတာပဲ စကားပုလ္လင်ခံနေသေးတာ .. "" မင်းအခုမောင်းလာတဲ့ကားကစျေး တော်တော်ကြီးတာပဲ ဘယ်သူများလက်ဆောင်ပေးတာလဲ .."
Taehyung ကားအမိုက်စားပေါ်ကနေ ဆင်းလာကတည်းက ကျွန်တော်သတိထားမိလိုက်ပြီး ဒီလိုအဖိုးတန်ကားမျိုးကို သူ၀ယ်ကာငွေဖြုန်းတီးမှု
မျိုး မလုပ်တတ်ဖူးဆိုတာသိတာကြောင့် စဥ်းစားစရာဖြစ်လာရသည် ...ကျွန်တော် မေးလိုက်သည့် မေးခွန်းသည် စည်းကျော်သလိုဖြစ်နေရင်လည်း မတတ်နိုင်ပါ ...အကြောင်းအရင်းတွေပြောနေစဥ်မှာ Taehyung မျက်၀န်းပြုံးနေတာ ကျွန်တော်သိတာပေါ့ .. ဘယ်လောက်ပဲဟန်ဆောင်နေပါစေဦးတော့ မျက်၀န်းတွေကိုသက်သေတည်လို့ရနေတာ ....
သူ့မေးခွန်းကြောင့် Kim တစ်ချက်တွေတွေ၀ေ၀ေဖြစ်သွားရသည် ..
သူ မာဖီးယားနောက်ကြောင်းစုံးစမ်းပြီး တွဲဖြစ်သွားတယ်လို့ပဲပြောရမလား ပြောရခက်နေတော့တာ ...ဒါပေမယ့်အရင်တုန်းကလည်း ဘယ်အကြောင်းအရာဖြစ်ဖြစ် ပြောပြတတ်တာကြောင့် ဘာမှမဖြစ်ပါဘူးလေ ဆိုပြီး အစအဆုံးအကြောင်းအရာအားလုံးကို
ပြောပြလိုက်တာ ...
![](https://img.wattpad.com/cover/367561560-288-k183465.jpg)
YOU ARE READING
Captain Kim ( Completed )
FanfictionJeon Jungkook × Kim Taehyung Start Date _ 22.4.2024 End Date _13.9.2024