Part.25

959 169 16
                                    

Companyမှာ နိုင်ငံခြားသားဧည့်သည်များနဲ့
တစ်နာရီခန့်ကြာ အစည်းအ၀ေးပြုလုပ်ပြီးခဲ့ပြီး၍ အနားယူရန် ကိုယ့်ရုံးခန်းထဲသို့လျှောက်လာလိုက်သည်...လတ်တလော Kimနဲ့ညဘက်လောက်သာအတူနေခွင့်ရတဲ့အချိန်သာရှိသည် ...ဒါပေမယ့်လည်း နေ့ခင်းဘက်အားရင် အားသလို Companyကနေ အပြေးလေးသွားတွေ့လိုက်ကာအလွမ်းသယ်မှ တစ်နေ့တာလုံး သာသာယာယာ
ဖြစ်တာ မဟုတ်ရင် ဒေါသအလိုလိုထွက်လာပြီး ဘာကိုမှစိတ်တိုင်းမကျတော့ .. အလုပ်တွေကများလာတော့လည်းချက်ချင်း .. အရေးကြီးလုပ်ငန်းကိစ္စတွေကြည့် အချိန်ကိုက်စုပုံလာတတ်တော့ ကိုယ်တိုင်ပါ၀င်ရတော့သည် ..

" ဂျက် မင်းငါ့ကိုတစ်ခုခုပြောစရာလို့လား အစည်းအ၀ေးမစခင်ကတည်းကရိပ်မိတယ် "

" အရေးကြီးလို့ပါတယ် သူဌေး .. "

"ဟုတ်ပြီ .. ရုံးခန်းထဲမှာပြောမယ် .. "

ဆိုဖာပေါ်ခပ်လျှောလျှောထိုင်လိုက် နောက်သို့
ခေါင်းမှီချလိုက်ပြီး မျက်၀န်းတွေမှိတ်ထားလိုက်
ရင်း ..

" ဆိုပါဦး .. "

"ကျွန်တော်တို့ကိုဆက်တိုက်နောက်ကနေ ထောက်လှမ်းစုံစမ်းနေပါတယ် .. တစ်နေ့က အမတ်ဟွာရဲ့အမျိုးသမီး ဗိုလ်ချုပ်မှူးကင်မ်ဆယ်မင်နဲ့
တွေ့တယ်လို့သိရပါတယ် .. "

" သေဆုံးမှုနဲ့ပတ်သတ်လို့ပဲဖြစ်လောက်မှာ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်လုပ်စရာရှိတာဆက်လုပ်ရမှာပဲ .. မင်းသင်္ဘောကိုစီစဥ်ထားလိုက်တစ်ပတ်အတွင်းသတင်းမပြန့်အောင်ထိန်းထားလိုက် Kimနဲ့အတူထွက်သွားဖို့စဥ်းစားထားပြီးသား ..

" ဟုတ်ကဲ့ .. ကုမ္ပဏီအတွက်ကရော သူဌေး ဒီအတိုင်းထားခဲ့မလို့လား .. "
"တစ်ရက်နှစ်ရက်နေရင် USAမိတ်ဆွေသူဌေးကို
ရောင်းဖို့ပြောထားပြီးသား .. တစ်ရက်နှစ်ရက်အတွင်းဖြစ်သွားမယ် .. daddyနဲ့ဖုန်းပြောသေးတယ် eunwooတို့ပြောလို့ငါ့အတွက်စိုးရိမ်နေပုံရတယ် .. ငါဘာမှမပြောတော့ မင်းကိုမေးလာလိမ့်မှာသေချာပေါက် အမှန်အတိုင်းမပြောဘဲကြည့်ပြီးတော့သာဖြေထားလိုက် စပိန်ရောက််မှငါပြောပြဖို့
စိတ်ကူးရှိတယ် "

ဂျက်သည် jungkook လုံခြုံရေးနဲ့ပတ်သတ်၍
ပူပန်သွားသလို မျက်နှာမှာစိုးရိမ်ခြင်းဖြစ်သွားရာ ..

Captain Kim ( Completed )Where stories live. Discover now