Part.14

1K 208 15
                                    

အိမ်ပြန်လမ်းကားမောင်းနေစဥ် တစ်လျှောက်လုံးလည်း အတွေးတွေနဲ့သာ .. တကယ်တော့ သူကိုယ်တိုင် jeonနဲ့မခွဲချင်နေတာ .. Jeon ကိုထိခိုက်လာမည့် အလုပ်မျိုးကိုမဆို သူမလုပ်ချင်တော့ချေ သူ့လုပ်ရပ်တိုင်းဟာ  jeon ကိုနာကျင်စရာတွေသာဖြစ်နေတာပဲ ..

တိုင်းပြည်ကို သစ္စာဖောက်မည့် သူမျိုးမဟုတ်လို့ ကိုယ်အစပျိုးထားခဲ့သည့် ဇာတ်ကိုနိုင်အောင်
ကနိုင်ဖို့ရာသာရှိခဲ့သည် .. သူ့ဘ၀မှာဘာပဲလုပ်ခဲ့လုပ်ခဲ့နောင်တဟူသည်လို့ တစ်ခါလေးမှမရခဲ့သလို တွန့်ဆုတ်တွေ၀ေနေခြင်းဆိုတာ၀ေးစွ .. ဒီတစ်ကြိမ်တစ်ခါမှတော့ သူ နောင်တအကြီးကြီးရနေမိတာ တကယ် နောင်တရနေခြင်းသည် Jeon ကိုချစ်ခဲ့ငြိတွယ်နေမိခဲ့လို့မဟုတ်ပဲ jeonကိုထိခိုက်ဖို့နည်းလမ်းဖြစ်နေခဲ့သည်ကို .. jeon ကြောင့် ချစ်ခြင်းမှပေးစွမ်းတဲ့ ရင်ခုန်ခြင်း နွေးထွေးခြင်း ကြင်နာယုယခြင်းများကို ထွေးပိုက်ခံစားစေခဲ့ရတာပဲ  ..

အိမ်ပြန်ရောက်တော့ အလုပ်လုပ်နေကျတဲ့ Maidတွေကလွှဲ၍ကျန်တဲ့သူမရှိချေ ..အိမ်ပေါ်ထပ်ကိုတန်းမတတ်ပဲMini Barဆီ၀င်လိုက်ပြီး ၀ီစကီအားဖန်ခွက်ထဲထည့်ကာ ရေခဲတောင်မထည့် တစ်ကျိုက်မော့သောက်လိုက်လျှင်လည်ချောင်းမှာပူခနဲဖြစ်သွားရသည် .. .ခုထဲကနာကျင်နေရတဲ့နှလုံးသား ..
ရှေ့လျှောက်မည့်ခရီးမှာ ဘယ်လိုတွေဖြစ်လာဦးမလဲမသိသည့် ကံကြမ္မာအကြောင်းတွေးလိုက် သောက်လိုက်ဖြင့် ဘယ်နှခွက်မှန်းတောင်မသိတော့ပါ ..

Kim နောက်ကျောဘက်မှာ jungkookရောက်လာသည်ကို သတိမထားမိပဲ တွေငေးကာရီ၀ေနေသည် ..

Jungkook နောက်မှသိမ်းဖက်လိုက်ကာ ....

" ချစ်လေး အပြင်သွားတာ အရမ်းကြာတာပဲ ဖြစ်နိုင်ရင်ဘယ်မှကိုမလွှတ်ချင်တာ ..  လွမ်းရတယ် လွမ်းလွမ်းဆွတ်ဆွတ်ဖြစ်နေရတဲ့ခံစားချက်ကြီးက ဆိုးတယ်ကွာ ..  စိတ်အနှောက်အယှက်ဖြစ်မှာစိုးလို့ ကိုယ်ဖုန်းမဆက်လိုက်တာ ကိုယ်ခြံနောက်ထဲကဂိုးထောင်ထဲသွားနေတာ အိမ်ပြန်ရောက်တာတောင်မသိလိုက်ရဘူး .. "

Jungkook ပျော့ပျော့ပြောင်းပြောင်းလေးသံလေး
ဖြင့်ရယ်သာ ..

" jeon ချစ်တာကိုယုံရဲ့လား .. "

Captain Kim ( Completed )Where stories live. Discover now