Part.17

850 189 17
                                    

" jungkook ! "

၀ုန်းခနဲတံခါးဖွင့်သံနှင့်အတူJungkook လို့နာမည်ခေါ်ရင်းဖြင့် အလုပ်ခန်းထဲဒေါသတကြီးဖြင့် ၀င်လာခဲ့သူမှာ Eunwooဖြစ်သည် ..

စိတ်ဆိုးမာန်ဆိုးဖြင့်Jungkook အကျီင်ကော်လံစကိုစောင့်ဆွဲလိုက်ရင်း ...

" မင်းတော်တော်လွန်နေပြီ .. သူငယ်ချင်းတွေ
သံယောဇဥ်ထောက်နေလို့ ဒီလောက်ထိသည်းခံနေ
တာ "

" ဘာလဲ ဘာကိုလဲ "

Jungkookကလည်း Eunwooကို တော်လေးကို
အခဲကျေနေပုံမရ ။ Somiဘက်နေ အမြဲ ကာစီးကာစီးနဲ့လုပ်ပေးနေခဲ့တာချည်းပဲလေ .. ဒီလောက်ထိ Kim အပေါ် အကောက်ကြံနေခဲ့တာကို တစ်ခွန်း
တစ်လေလေးတောင်မှ ထောက်ပြ၍ မှားပါတယ်လို့ ၀င်မထောက်ခံခဲ့တာ.. သူငယ်ချင်းဖြစ်သူရဲ့ လုပ်ရက်ဆိုးကြီးကြောင့် Kimအပေါ်မှာ အားနာရကောင်းမှန်းလည်းမသိပုံပါပဲ ..Eunwooလက်ကို စူးစူးရဲရဲသောမျက်၀န်းတို့ဖြင့် ပြန်ကြည့်ရင်းမှ ဆက်ခနဲဆွဲဖြုတ်ချလိုက်သည်..

ဆိုဖာပေါ်မှာထိုင်နေတဲ့ Kim သည် တင်းမာနေတဲ့အခြေအနေတစ်ခုမို့ သူတို့နားစိုးရိမ်ကြီးစွာဖြင့်ရောက်လာခဲ့ပေမယ့် ဘာစကားမှမပြောမိ .. ကျွန်တော် ၀င်ပြောပြီးဟန့်တားမိလျှင် Eunwoo ကျွန်တော်ကို အမြင်ကြည်မှာမဟုတ်တာမို့
ပြောလာခဲ့သည်ဆိုပါက Jeonကလည်းပါ၀င်လာ
မယ့် အခြေအနေတွေ ပိုဆိုးသွားလိမ့်မှာကို သိတာကြောင့်ပင် .. ကျွန်တော့်ကြောင့်ဖြစ်ရတာဆိုတဲ့ စိုးရိမ်ကြောင့်ကျမှုကြီးဟာ စိတ်ထဲ၌လေးလံနေခဲ့တာ အမှန်ပါ ။ ပြီးတော့ သူတို့သူငယ်ချင်းတွေကြား ပြေပြေလည်လည်ဖြစ်လာစေဖို့ ဘာလုပ်လို့လုပ်ရမည်မှန်းလည်း မသိတော့တာပါ ။ သူတို့အပေါ် အမြဲအားနာမိတယ်။

Jeonက သူငယ်ချင်းတွေကို ဘေးချိတ်ထားခဲ့ပြီး ဦးစားပေးက ကျွန်တော်ဖြစ်နေခဲ့တမို့ ..တစ်ခါတစ်ရံ Jeonကို ရှင်းပြရင်တောင်မှလက်မခံခဲ့ချေ.. ပြောလာခဲ့သည်က  ချစ်သူဖြစ်တာကြောင့်ရော သူ့ရဲ့အရာရာတိုင်းဟာကျွန်တော်ဖြစ်နေခဲ့လို့ပါတဲ့ .. ချစ်သူ ပထမနေရာမှာအမြဲထားရှိထားသလိုသူငယ်ချင်းတွေက ဒုတိယနေရာမှာရှိသည်ဟု ပဲပြောခဲ့တာ .. ကျွန်တော်အားငယ်သိမ်ငယ်သွားမှာမျိုး နည်းနည်းလေးမှမလိုချင်ဘူးတဲ့ .. ကိုယ့်နားမှာ မင်းရှိနေရင်ပြည့်စုံပါပြီဆိုတဲ့ စကားကြောင့် နှလုံးသားတစ်ခုနွေးထွေးသွားခဲ့ရသည် ..

Captain Kim ( Completed )Where stories live. Discover now