Jeonက ကျွန်တော့်အတွက် လိုအင်ဆန္ဒမှန်သမျှ
ဖြည့်ဆည်းပေးခဲတယ် .. jeon ပိုက်ဆံရှိလို့ကျွန်တော်ကတွဲသည်လို့ထင်ကောင်းထင်နိုင်
ပါသည် ..ကျွန်တော်အကောင်းဆုံးတွေလိုချင်တယ်တယ်ဟုပြောခဲ့ဖူးတာကို ..ထိုသို့ပြောဖို့
မရည်ရွယ်ခဲ့ပါသော်လည်း ဒီနည်းလမ်းကလွှဲလို့ သူ့ကိုချဥ်းကပ်ဖို့ရာ တခြားနည်းလမ်းမှမရှိဘဲလေ ..
Jeonကို အကဲခတ်မိရသလောက်ကတော့ သူ့ကို Captain တစ်ယောက်မှန်း လုံး၀မရိပ်စားမိပါ ။
တော်ပါသေး၏ ...သူနဲ့တစ်ခါဆုံမိခဲ့သည်ကို ..
လောလောဆယ်မှာတော့ Jeonနဲ့အနီးကပ်ရှိနေမှ
ရမှာဖြစ်ပြီးတော့ သူရဲ့လှုပ်ရှားမှုကိုစောင့်ကြည့်နေရုံလေးပဲဆိုပေမယ့် Jeonက အရိပ်အပါးနပ်သူမို့ သတိကြီးကြီးထားရလိမ့်မယ် ...ကျွန်တော်ဟန်ပြအနေနဲ့လုပ်ဖြစ်သော အချိန်ပိုင်း
အလုပ်လည်းထွက်ခိုင်းခဲ့ပြီး Black Card ကိုပေးခဲ့ပြီး စိတ်ကြိုက်သုံးစေသည် .. သူ့သူငယ်ချင်းမရဲ့ကန့်ကွက်စကားကိုတောင်ဆန့်ကျင်၍ ကျွန်တော်ကို
ရွေးချယ်ခဲ့သည် .. ဦးစားပေးပြီး အချိန်ပြည့်ဂရုတစိုက်နဲ့ရှိနေတတ်တာ ...ရင်ထဲနွေးထွေးရသလိုခံစားရသည် .. Jeonနဲ့အတူရှိရင်ပျော်ရွှင်ရပြီး ရင်ခုန်လာတာပဲ ..သူ ကျွန်တော်ကိုတွဲတာ အပျော်သဘောမျိုးနဲ့မဟုတ်ဘဲ လေးလေးနက်နက်ရှိနေသည် ..အချစ်ဆိုတာ ဘာလဲမသိပေမယ့် လူတစ်ယောက်ပေါ်တိမ်းညွှတ်နေတဲ့ရင်ခုန်သံကိုတော့သဘောကျရပါ၏...တဖြည်းဖြည်းနဲ့နှလုံးသားကျွံ၀င်သွားမှာတော့စိုးသည် ... ကျွန်တော်နဲ့သူဟာ အချိန်ခဏတာလေးပဲ တွေ့ဆုံခွင့်ရမှာပဲလေ ..အင်း ဒီလိုတွေးမိပြန်တော့ ဘာလို့ရင်ဘတ်ထဲက ဟာတာတာဖြစ်နေတဲ့ခံစားချက်ဖြစ်နေရတာပါလဲ ..
အိမ်ထဲ၀င်၀င်ချင်းဧည့်ခန်းထဲမှာ မျက်နှာမသာမယာဖြင့် Somiကိုတွေ့လိုက်ရသည် .. သူဒီအိမ်မှာလိုက်နေမည်ကို Jeon သူငယ်ချင်းတွေကို မပြောဘဲနဲ့တော့နေမည်မဟုတ် ဒါကြောင့် သူမ မျက်နှာဟာ လငပုတ်ဖမ်းနေသလိုဖြစ်နေတာ ...ကျွန်တော့်ကို၀င်လာတာမြင်တော့ စတွေ့တုန်းကလိုပဲအမြဲရန်လိုနေတဲ့ မျက်လုံးများဖြင့် ဖျတ်ခနဲကြည့်လာ
တာ ...
YOU ARE READING
Captain Kim ( Completed )
FanfictionJeon Jungkook × Kim Taehyung Start Date _ 22.4.2024 End Date _13.9.2024