Part.26 / Final

2.2K 241 25
                                    

daddyဘက်က Jeon ကို သေဆုံးသွားသည်ဟုအတိပြုကြေငြာခဲ့လိုက်သည် .. သူကတော့
ကျေနပ်ဂုဏ်ယူနေသလို ပြည်သူများရဲ့ချီးကျူးဂုဏ်မြောက်ခြင်းကိုလည်းခံယူနေရသည် .. ကြောက်ဖို့အရမ်းကောင်းသော daddyဟာ အတ္တကြီးတဲ့ သူတစ်ယောက်ဖြစ်တယ်ဆိုတာ ကျွန်တော်တို့မိသားစု၀င်တွေကလွဲလို့မှ မည်သူတစ်ဦးတလေမျှ
သိနိုင်မှာမဟုတ်ပဲ ...

ပြီးတော့ ကျွန်တော့်ကိုပြောပါသေးသည် .. Jeonကိုနှစ်ခါသတ်လိုက်ရတယ်ဟု ရက်ရက်စက်စက်ပြောလာခဲ့တာ ..ဆိုလိုခြင်းက သေနတ်နဲ့ပစ်သတ်ခဲ့ရုံအပြင် ပင်လယ်ထဲမှာ ၀ိဥာဏ်များကဆွဲခေါ်ထားပြီးမကျွတ်မလွှတ်ရှိနေသေးတာတဲ့ ..

Jeon အရာအားလုံးကျော်လွှားနိုင်တဲ့သန်မာတဲ့ သူတစ်ယောက်ပေမို့ အသက်ရှင်သန်နေသေးတာကိုအကြွင်းမဲ့ယုံကြည်မှုအပြည့်ရှိနေသည် ။ လူချင်း၀ေးကွာသွားခဲ့ရသော်ငြားလည်း အချိန်ပြည့်စက္ကန့်မလပ်အောင်မျှပင် ကျွန်တော်တို့နှလုံးသားချင်းဆက်သွယ်ထားသည် ..

ရှေ့လျှောက်တွင်လည်း daddy အခြားသောအကြောင်းအရာများနှင့် ခြိမ်းခြောက်၍ ကျွန်တော့်ကို အမိန့်ဖြင့်ဖိနှိပ်ခိုင်းစေမယ်လို့များ မထင်လိုက်နဲ့နော် ...

Kim မျက်၀န်းထဲမှ မျက်ရည်များသည် ပို၍
တစ်တောက်တောက်ဖြင့်စီဆင်းကျလာတော့ပြီး
မှန်ပြတင်းကိုသာ တွေတွေငေးငေးကြီးနှင့်
စိတ်၀ိဥာဏ်လွင့်မြောနေသည့်ပုံစံမျိုးဖြင့် မျက်၀န်းတွေကငြိမ်သက်ကြည့်နေလေတော့သည် ..

ကျွန်တော့်နားမှာ Jeon မရှိတော့တာ တစ်လတင်းတင်းပြည့်ခဲ့ပြီးပြီ ...daddyသည် UK
နှင့်Koreaနှစ်နိုင်ငံချစ်ကြည်ရေးခရီးစဥ်အတွက် တစ်ပတ်ကြာသွားရောက်ရမှာဖြစ်တာကြောင့် အိမ်မှာမရှိတာကတစ်ကြောင်း ၊ နွေးထွေးရိပ်မရှိတော့တာကြာပြီဖြစ်သော ကျွန်တော်ရပ်၀န်းငယ်သည် အထီးကျန်ဆန်တာကြောင့် စိတ်နှလုံးအနည်းအငယ်စိတ်သက်သာရန်အလို့အတွက် မာမီဆီ ရက်ပိုင်းလောက်သာ အလည်ပြန်လာတာဖြစ်၏ ...

နေ့ရက်တိုင်း Jeonနဲ့အတူရှိနေခဲ့ရတော့ ရင်ထဲ
လစ်ဟာနေပြီး လွမ်းဆွတ်ကြေကွဲမှုက တမြေ့မြေ့
တတဆွေးဆွေးနှယ်။

Captain Kim ( Completed )Where stories live. Discover now