Part.9

1.7K 377 20
                                        

Jungkook နှုတ်ခမ်းကိုတင်းတင်းစေ့ကပ်ထားကာ စားပွဲပေါ်မှာ လက်ချောင်းတွေကို တတောက်တောက်တီးခေါက်နေလေ၍ တစ်ခုခုကိုနက်နက်နဲနဲ တွေးတောနေပုံရသည် ။အတွေးထဲမှာဆုံးဖြတ်ချက်ကို ခိုင်မာစွာချမှတ်လိုက်သည် ..

" ဂျက် "

" ဟုတ်ကဲ့ သူဌေး .. "

" ငါမင်းကိုယုံကြည်လို့ ဒီကိုလှမ်းခေါ်လိုက်တာ
မင်းနဲ့ငါသာသီးသန့်သိရမယ့်အရာတွေ လုပ်ရမယ့်ကိစ္စတွေများတယ် .. "

သူဌေးရဲ့ အဓိပ္ပာယ်ရှိသည့်ဆိုလို့ချက်များ ကျွန်တော်ကောင်းစွာသဘောပေါက်၏ .. လည်ပင်းဖက်ပေါင်းသည့် သူငယ်ချင်းသုံးယောက်ကိုတောင် မသိစေချင်သည့် အရေးကြီးအကြောင်းအရာသည် အတော်လေးကိုကြီးမားပုံရပါ၏..

" ဟုတ်ကဲ့ပါ သူဌေး ကျွန်တော်မပေါက်ကြားအောင်အစရအရာရာ ဂရုစိုက်ပါ့မယ် .. အသက်နဲ့လဲပြီး
သစ္စာစောင့်သိမှာပါ .. "

" မင်းကိုယုံတယ် ..အချိန်လိုသေးပေမယ့် မင်းကိုခိုင်းစရာတစ်ခုရှိတယ် တစ်ချက်လေးလွဲလို့မဖြစ်တဲ့
ကိစ္စ သေချာလုပ်ရမှာ "

" စိတ်ချပါ သူဌေး ..ကျွန်တော်တိတိကျကျလုပ်ဆောင်သွားမှာပါ .. "

" မင်းက ပိရိတယ်သေသပ်တယ် မင်းလုပ်ရမှာက
နောက်နှစ်ရွေးကောက်ပွဲမတိုင်ခင်မှာ ၀န်ကြီးချုပ်ဂန်ကိုရှင်းရမှာ .. Kim အတွက် ငါဘာမဆိုလုပ်မှာ ငါအပိုင်ကို ထိဖို့ကြိုးစားတာနဲ့နင်းချေပစ်မယ် "

" ဟုတ်ကဲ့သူဌေး ဘယ်သူမှမသိစေရပါဘူး .. "

Jungkook သူ့ရုံးခန်းထဲမှာ မကြာသေးမီက အမေရိက ကနေရောက်လာသည့် daddyယုံကြည်အားကိုး
ရသည့် တပည့်တစ်ယောက်ဖြစ်သည် ..သူနဲ့ကိုယ်နဲ့သာ လှုပ်ရှားရမည့် အရေးကြီးကိစ္စတစ်ခုအတွက် daddyဆီက ဂျက်ကို ကိုးရီးယားကိုလွှတ်ဖို့တောင်းဆိုခဲ့သည် .. eunwooတို့ကို လုပ်ငန်းအတွက် ယုံကြည်ရမည့် သူဟာ ဂျက်ကလွှဲ၍ ဘယ်သူမှမရှိဘူးဟုဆိုကာ တစ်ဖက်လှည့်ပြီးပြောထားတာ
ကြောင့် အားလုံးအဆင်ပြေပြေနှင့်ရှိကြသည် ..

အဓိက ကျွန်တော် ချစ်ရတဲ့ Kimအတွက်ဖြစ်၏ .. Kim မထိခိုက်နိုင်ရန်အရေးနဲ့ Kimကို ကာကွယ်ပေးဖို့သာ ကျွန်တော့်ဦးနှောက်ထဲမှာရှိနေခဲ့တာပင် ... Kim အနာတရနည်းနည်းလေးမှဖြစ်လို့မရအောင်
ကာကွယ်ထားမှာ ။

Captain Kim ( Completed )Where stories live. Discover now