Part.12

1K 211 14
                                    

ခြံထဲလမ်းဆင်းလျှောက်ဖို့ အိမ်ခန်းထဲက
ထွက်လာခဲ့သည် .. လသာဆောင်ဘက်သို့ မျက်လုံးများက အလိုလိုရောက်သွားလျှင် ကျောပေးထားလျက်ပင် ဖုန်းပြောနေသော Jeonအားတွေ့လိုက်
ရပါတော့သည် ။ ရုတ်တရပ် ကျွန်တော့်ကို
တွေ့သွားမည်စိုးတာကြောင့် ခြေလှမ်းကိုနောက်ပြန်ဆုတ်ပြီးနောက် အခန်းတံခါးနဲ့ကိုယ်ကိုကပ်ထားလိုက်သည် .. လသာဆောင်နဲ့ အိပ်ခန်းက အနည်းငယ်အကွာအ၀ေးတာကြောင့်Jeonဖုန်းနေ
သည့်အသံကို ကြားနိုင်ရန် အသံကိုနားစွန့်နေရ
သည် ..

ဘယ်သူနဲ့ပြောနေသလဲဆိုတာတော့ အသေအချာတော့မသ်ိရပါ .. Jeon ဘက်ကနေ မဖြစ်မနေတွေ့မှဖြစ်မည်လို့ ပြောသံကြားလိုက်သလို နောက်ပြီး starစားသောက်ဆိုင်မှာတွေ့မည်ဟု jeonဆီမှ ခပ်တိုးတိုး ပြောသံကိုတော့ ကြားလိုက်သည် ..

ချိန်းဆိုထားသည့် အချိန်နဲ့နေရာကို အတိအကျ
သိလိုက်ရလို့တော်ပါသေး၏..

ချိန်းဆိုတဲ့နေရာနဲ့အချိန်ကိုပြောပြီးနောက်တွင်
ဖုန်း ချက်ချင်းပဲ ချပစ်လိုက်သည်..Jeon ကျောပြင် ပြန်မလှည့်လာခင်လေးမှာပဲ ကိုယ့်အခန်းထဲပြန်၀င်လာလိုက်သည် .. ခဏနေလောက်မှအခန်းပြင်ထွက်
မည် ..

အိပ်ယာဘေးမှာရှိတဲ့စားပွဲပုလေးပေါ်ကဖုန်းအားယူကာ ..

'Jeon မနက်ဖြန် ည၈နာရီမှာ starစားသောက်ဆိုင်မှာ အရေးကြီးလူတစ်ယောက်နဲ့အရေးပေါ်ချိန်းထားတယ် .. တိတိကျကျစုံစမ်းခဲ့ မင်းတစ်ယောက်ထဲပဲလှုပ်ရှားလိုက် ရိပ်မိသွားမယ် .. Jeonတပည့်တွေများများပါမှာ .. သတိထားပြီးလှုပ်ရှား တစ်ခုခုဖြစ်တယ်ဆို ငါ့ကိုချက်ချင်းအကြောင်းပြန် ..'

ဂျယ်မင်းထံ messageရိုက်ပို့လိုက်ပြီးသည့်နောက် ချက်ချင်းပဲ ပို့ထားသည့်စာကိုပြန်ဖျက်လိုက်သည် ...

Jeon ဒီရက်ပိုင်းအတွင်းမှာ လက်နက်အရောင်းအ၀ယ်နဲ့ အလုပ်များနေသည်ဟုသိရှိရသည် ...ချိန်းဆိုထားသည့် သူဟာ ၀န်ကြီးချုပ်ဂန်များလား ဒါမှမဟုတ်ရင် တစ်ခြားတစ်ယောက်ပဲလား ..
သူ သတိထားမိသလောက်ကတော့ jeonနဲ့ ၀န်းကြီးချုပ်ဂန် မတွေ့ကြတော့တာ .. တပည့်တွေက
နေတစ်ဆင့် လျှို့၀ှက်စွာတိတ်တဆိတ်အဆက်အသွယ်ပြုနေခဲ့သည်ပဲလား ..

Captain Kim ( Completed )Where stories live. Discover now