Part.22

863 159 15
                                    

ကောင်းကင်ယံထက်မှာ လမင်းကြီးထိန်ထိန်သာနေလျက်ရှိသလို ကုတင်ပေါ်၌ ကျွန်တော်သည် Jeon၏ရင်ခွင်ထဲမှာ အနွေးဓါတ်ကလေး
ခံယူနေပါသည် .. Jeonသည် မျက်၀န်းများ
မှိတ်ထာနေပေမယ့်အိပ်မနေ။ ဤအခိုက်အတန့်လေး
အချိန်လေးကို ရပ်ထားလို့ရရင် ရပ်ထားချင်ပါဘိ ။ အမြဲဒီလိုလေးပဲ အေးအေးချမ်းချမ်းနေချင်ပါတယ်  ဘာလို့လဲဆိုတော့ နောက်ဆုံး Jeonဘေးနားက ထွက်ခွာသွားရမှာကျွန်တော်ပဲမလား .. မတွေးမိအောင် မရမက ကြိုးစားကြည့်နေပေမယ့်
မရသည့်အပြင် ထိုအတွေးများစွာသည် တုန်လှုပ်သွေးပြက်မတတ်ဖြစ်လို့နေခဲ့သည် ..

အရာအားလုံးသိသွားတဲ့တစ်ချိန်၌ ဒီလိုလေးရှိ
နေပါ့ဦးမလား .. ကျွန်တော် Jeonနဲ့အနီးကပ်ရှိနေဖို့အတွက် ချဥ်းကပ်ခဲ့တာ မှားနေခဲ့ပြီဆိုတာ သိ
တယ်။ ကျွန်တော့်အမှားက Jeonအတွက် နာကျင်မှုများစွာသာရရှိမှာမို့ အမှားတစ်ခုလို့ သတ်မှတ်လိုက်ခြင်းပါ .. နှလုံးသားက ကိုယ်ချစ်မိသွားခဲ့တဲ့ သူတစ်ယောက်အပေါ် မချစ်ရဘူးလို့ တားမြစ်လို့မှမရပဲလေ .. အနားမှာနေရှိဖို့ရာကြိုးစားရင်းနဲ့ပဲ အရမ်းချစ်မိသွားခဲ့တာ ...ကိုယ်ချစ်သူကို ကိုယ့်ရဲ့ဖြစ်တည်မှု
အမှန်ကိုတောင် လိမ်လည်ထားရပြီး ချပြပိုင်ခွင့်
မရှိခဲ့လိုပင်ပန်းခဲ့ရတယ် ... ၀ေးရမှာတော့
အကြောက်ဆုံးပဲ Jeon ရယ် ...

" Jeon .. "

Kim ၏ ဆံသားလေးများကို ညင်ညင်သာသာ
ပွတ်ပေးရင်းနေရင်းကနေ ..

" အင်း .. "

ဟု ခပ်တိုးတိုးလေးနဲ့ပြောလာလျှင် Kim သည် ..

"  အကယ်၍တစ်နေ့နေ့တစ်ချိန်ချိန်မှာ Jeonနားမှာ
ရှိမနေခဲ့တော့ရင် Jeon စိတ်နာသွားမှာလား
Jeon .. "

Kimသည် ဘယ်လိုအဓိပ္ပါယ်မျိုးနဲ့မေးလာသည်
ဆိုတာသိတာပေါ့.. သို့ပေမယ့် မသ်ိချင်ယောင်
ဆောင်လိုက်ကာ လေးနက်တည်ကြည်သော
မျက်၀န်းများဟာနင့်နင့်နဲနဲရှိလေကာဖြင့်..

" ဘာလို့အဲ့လိုတွေလျှောက်တွေးနေရတာလဲ .. ကိုယ်ပြောခဲ့ဖူးတယ် မင်းအတွက်ကိုယ့်မှာအချစ်ပဲရှိသလို
ကိုယ်ရင်ခွင်မှာပဲ အမြဲရှိနေရမယ်ဆိုတာလေ .. ကိုယ်တို့ကို ဘယ်ကံကြမ္မာကမှခွဲထားလို့မရဘူး .. ခွဲထားခဲ့ရင်တောင် အချိန်ခဏတာလေးပဲဖြစ်လိမ့်မယ် .. ကိုယ်တို့ပြန်စုံစည်းကြမှာ .. မရရအောင် ကိုယ့်ဘေးနားမှာရှိနေရမယ် .. "

Captain Kim ( Completed )Where stories live. Discover now