အပိုင်း ၂

157 5 0
                                    

" ညက မြင့်နိုင် ရန်ဖြစ်လာတယ်ဆို "

" ဟုတ်တယ်အမေ ဘသောင်းတို့နဲ့ပဲ "

ဒေါ်မြသက်က ဆေးဘူးများကို နေရာတကျစီနေရင်း ခပ်ညည်းညည်းပြောလာသည်။

" မြင့်နိုင်လည်း မမူးရင်သာ လူကောင်း   "

" ဘသောင်းတို့အဖွဲ့နဲ့လည်း အလုပ်မှာတည့်တယ် အမေ ၊ မူးမှရန်ဖြစ်ကြတာ "

" မူးရင်သွေးဆိုးတာက မခက်ဘူးလား သားရယ် "

" ‌အန်တီမြသက်ရေ ကွမ်းရွက်ပုံတစ်ထုတ် "

သားအမိနှစ်ဦးစကားပြောနေတုန်း ဆေးလာဝယ်သူကြောင့် စကားစကခဏပြတ်သွားသည်။ အိမ်အောက်ထပ် အခန်းလွတ်ကလေးကို ဆေးဆိုင်ခန်းလေးအဖြစ် အသွင်ယူခဲ့သည်မှာ ၅နှစ်ကျော်ပါပြီ။

သက်ငြိမ်တို့အိမ်တွင် မိခင်ဖြစ်သူ ဒေါ်မြသက်၊ညီမလတ် သက်ပု၊သူ့အမျိုးသား မြင့်နိုင်၊ ညီမထွေးလေး သက်ညှာ ဟူ၍ မိသားစုဝင် ၅ဦးရှိပါသည်။ ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီးကတည်းက ဒေါ်မြသက်မှာ သားသမီးသုံးယောက်ကို ကြုံရာကျပမ်းလုပ်ကျွေး ပြုစုစောင့်ရှောက်ခဲ့သည်။

သက်ငြိမ်က ဘွဲ့ရပြီးသည်နှင့် ပညာရေးမှူးရုံးမှာ ရုံးစာရေးဝင်လုပ်သည်။
သက်ပုမှာ မိခင်ဖြစ်သူနှင့်အတူ " တစ်သက်တာ " ဆေးဆိုင်လေးတွင် ဝင်ကူပေးနေသည်။ မြင့်နိုင်မှာ ပန်းရံလုပ်ပြီး ညတိုင်းအရက်မူးလာသော်လည်း  မမူးလျှင် လူကောင်းပင်ဖြစ်သည်။ သို့သော်မူး‌နေသည့်အချိန်ကများလေသည်။
ညီမထွေးလေး သက်ညှာမှာမူ  အထက်တန်းကျောင်းသူတစ်ဦးဖြစ်ပါသည်။

စနေရက်ဖြစ်၍ သက်ငြိမ်က မိခင်ဖြစ်သူနှင့်အတူ ဆိုင်ကူထိုင်ပေးရင်း စကားစမြည်ပြောနေကြခြင်းလည်းဖြစ်သည်။

" အမေ ကျွန်တော်မေ့နေတာ ညက မြင့်နိုင်အရက်ဖိုးမရှင်းခဲ့ရဘူး "

" ဟဲ့ သားရယ် သူ့ဘာသူရှင်းပါလေ့စေ "

" သူအလုပ်သွားနေတာကို အမေရယ် ကျွန်တော်လည်း လမ်းလျှောက်ဘာလျှောက်ပေါ့ဗျာ "

" နင်လည်း ယောက်ဖကို ကြပ်ကြပ်အလိုလိုက် "

ဒေါ်မြသက်မှာ ပြောသာပြောရသည်။ မြင့်နိုင်မှာ မူးပြီးရန်ဖြစ်တာကလွဲရင် သမက်ကောင်းဟုဆိုရမည်။ သက်ငြိမ်ကိုဆိုလည်း အစ်ကိုအရင်းလို၊သက်ညှာကိုဆိုလည်း ညီမအရင်းလို သဘောထားဆက်ဆံပါသည်။
ဒေါ်မြသက်အပေါ်၌မှာလည်း ရိုရိုကျိုးကျိုး
ရှိလှသည်။

မောင့်သက်ငြိမ်Where stories live. Discover now