ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ အိမ်တွင် လူများ ပျားပန်းခတ် စည်ကားနေသည်။ ဝတ်ကောင်းစားလှဆင်ယင်လာကြသူများကလည်း ဝင်လာမစဲတသဲသဲဖြင့်။ အုပ်ချုပ်ရေးမှူး၏ သမီးမင်္ဂလာဆောင်ပွဲကြောင့်ပင် ဖြစ်သည်။ သက်ငြိမ်တစ်ယောက် အထူးဝိုင်းတွင် ကြက်သားလေးပြေးသုပ်လိုက်၊ဘီယာလေးပြေးငှဲ့လိုက်ဖြင့် အလုပ်များနေလေသည်။
" မောင်သက်ငြိမ် သူများကိုပဲဧည့်ခံမနေနဲ့၊ တစ်ခါတည်းဝင်သောက်လိုက်တော့ "
ရာအိမ်မှူး ကိုကျော်မောင်၏အပြောမှာ သက်ငြိမ်က ခေါင်းတခါခါ၊လက်တကာကာဖြင့်
" ကျွန်တော်သောက်လို့မရဘူးဗျ ၊ အမေတို့ခရီးကပြန်မရောက်သေးဘူး။ အိမ်စောင့်ရဦးမှာ "
" အနည်းအပါးတော့ ချလေကွာ မင်းကလည်း "
" လာလာ ငြင်းမနေနဲ့ တစ်ခွက်တော့သောက် "
ဝိုင်းမှ အသိမိတ်ဆွေများကပါ ဝိုင်းဝန်းတိုက်တွန်းလာသည့်အပြင် သတို့သားကလည်းရောက်လာ၍ သက်ငြိမ်မှာ ဝင်ထိုင်ရတော့သည်။
ဘီယာသောက်ကျင့်မရှိ၍ သက်ငြိမ်က ဒဏ်မခံနိုင်ပါ။ ထို့ကြောင့် ခွက်ပြည့်တစ်ခွက်တည်းကို မျှဉ်း၍ သောက်နေသည်။
" မြင့်နိုင်ဆိုတဲ့ကောင်ကတော့ သမီးရူးပြီး အရက်ပြတ်သွားတာဟေ့ ငါဖြင့် ဩချလို့မဆုံး "
" ဟုတ်ပ ကိုကျော်မောင်ရေ ၊ အရင်ကရပ်ကွက်ထဲ စီခနဲဟေ့ဆိုရင် ဒီကောင်ပဲ။
ခုတော့ အာနိုးတို့ဆိုင်မှာ ရန်ပွဲတွေငြိမ်နေတာ တစ်နှစ်ကျော်ပြီ "သက်ငြိမ်ကတပြုံးပြုံးဖြင့် သူ့ယောက်ဖအကြောင်းကို နားထောင်နေသည်။
" ပြောရင်းဆိုရင်းနဲ့ ဟိုမှာ အာနိုးတို့ ညီအစ်ကိုလာပြီ "
" ဒီဝိုင်းကို လာဟေ့ "
အာနိုးနှင့် လွင်မင်းမောင်က ဝိုင်းထဲသို့ဝင်လာသည်။ သက်ငြိမ်၏ ဘေးတွင် လွင်မင်းမောင်က ဝင်ထိုင်လေသည်။
" ကျွန်တော် အသုပ်သွားယူလိုက်ဦးမယ် "
သက်ငြိမ်က အနားမှ ထထွက်သွားတော့ လွင်မင်းမောင်က လည်ပြန်လှည့်၍ လိုက်ကြည့်သည်။
YOU ARE READING
မောင့်သက်ငြိမ်
Storie d'amoreမောင့်သက်ငြိမ် နဲ့ သက်ငြိမ်ကိုချစ်တဲ့မောင် တို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးပေါ့။