'တစ်သက်တာ' ဆေးဆိုင်လေးက ညနေစောင်းဖြစ်၍ လူစည်နေသည်။ ဒေါ်မြသက်အား သက်ညှာက ငွေကူကိုင်ပေးနေရသည်။ သက်ညှာမှာ ကလေးစိတ်မပျောက်သေးသူပီပီ ယုန်ပုံစံသနပ်ခါးလေးလိမ်း၍ ဆံပင်ကို ကျစ်ဆံမြီးနှစ်ဖက်ကျစ်ကာ ကာတွန်းဝမ်းဆက်ကလေးဖြင့် ချစ်ဖွယ်ရာကောင်းနေသည်။
" မြသက်ရေ ... ညည်း ဟိုသတင်းကြားပြီးပြီလား "
" ဘယ်သတင်းတုန်း မိနိုင်ရဲ့ "
" ညည်းသား သတင်းလေ "
" ဟမ် "
တစ်ဖက် တစ်လမ်းကျော်မှ ဒေါ်မိနိုင်က သက်ညှာဘက်ကို မျက်ရိပ်ပြသည့်အခါ ဒေါ်မြသက်က အရိပ်အကဲသိစွာဖြင့်
" သက်ညှာ ၊ နင့်တူမ ငိုသံကြားတယ်။ နိုးပြီထင်တယ်၊ သွားကြည့်ဦး ။ ပြီးရင် အပေါ်မှာဆော့နေ အောက်ဆင်းလာစရာမလိုတော့ဘူး "
" ဟုတ် အမေ "
သက်ညှာမှာ သူ့ကိုကိုသက်ငြိမ် သတင်းကို သိချင်သော်လည်း မိခင်ဖြစ်သူကို မလွန်ဆန်နိုင်ပါဘဲ အိမ်ပေါ်တက်သွားရတော့သည်။
" ပြော မိနိုင် ၊ ငါ့သား ဘာဖြစ်တုန်း "
" ဟိုတစ်နေ့ညက ဗီဒီယိုရုံရှေ့မှာ ညည်းသားနဲ့ အာနိုးညီဝမ်းကွဲလေ ဟိုကောင်လေး ဘာဆိုလား လွင်မောင်မင်း ၊ လွင်မောင်မင်း "
" အေ့ လွင်မောင်မင်းနဲ့ ရန်ဖြစ်ကြသလား "
" အိုအေ ရန်ဖြစ်ရင်မှ ကြားကောင်းဦးမယ် ။
ညည်းသားနဲ့ အဲ့ကောင်လေးက ကလူကျီစယ် နေကြတာတဲ့ "" ဟေ ၊ ဘယ်လို "
" တကယ်ပါဆိုမှအေ "
" ယောက်ျားလေးအချင်းချင်းကို ဘယ်လိုလုပ် ကလူကျီစယ်မှာလဲ မိနိုင်ရဲ့ "
" ခြောက်နေလို့နေမှာပေါ့ "
ဒေါ်မိနိုင်၏ အပြောမှာ ဒေါ်မြသက်မျက်နှာ ကွက်ခနဲ ပျက်သည်။ တစ်ချို့လူများသည် ကာယကံရှင်မျက်နှာကိုမထောက်ဘဲ မစာမနာထိုးနှက်တတ်ကြသည်မှာ စက်ဆုပ်ရွံရှာဖွယ်ကောင်းလှသည်။ သူတို့ကိုယ်၌ကတော့ မိမိစကားဟာ တစ်ပါးသူထိခိုက်နာကျင်လေမလား တစ်ခါဖူးမျှ မတွေးမိကြပုံပါပင်။
YOU ARE READING
မောင့်သက်ငြိမ်
Romanceမောင့်သက်ငြိမ် နဲ့ သက်ငြိမ်ကိုချစ်တဲ့မောင် တို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးပေါ့။