ရပ်ကွက်လူကြီး၏အိမ်တွင် လူများက စုရုံးစုရုံး၊ထွက်သူဝင်သူများမှာ သူ့ထက်ငါကောင်း အလှဆင်ယင်ထားကြပြီး ပြိုးပြက်လက်နေသည်။ ရပ်ကွက်လူကြီး၏သား ရှင်ပြုပင်ဖြစ်သည်။ ကျွေးမွေးဧည့်ခံသည့်နေရာတွင် သက်ငြိမ်တို့ကာလသားတစ်စုနှင့် ခင်ထားရီ၊ကြည်ကြည်၊နီနီတို့ ပါဝင်သည့် ကာလသမီးပျိုတစ်စုတို့ အားတက်သရော ကူညီလုပ်ဆောင်နေကြသည်။
သက်ငြိမ်မှာ အဝါဖျော့ဖျော့ရှပ်လက်ရှည်ကို ပုဆိုးကွက်စိပ်အဝါဖောက်ဖြင့်တွဲဝတ်ထားပြီး သူ၏ရည်မွန်ကျော့ရှင်းသော ရုပ်ရည်နှင့် အင်မတန်မှလိုက်ဖက်ညီနေသည်။
အိုးများကိုသယ်မကူညီနေရသဖြင့် အင်္ကျီလက်ကို တန်းတောင်ဆစ်ထိ ခေါက်တင်ထားပြီး နားထင်တွင်ချွေးစတို့ပင် ဝေ့သီနေလေပြီ။သက်ငြိမ်မှာ ပြေးလွှားနေရသည့်ကြားမှ အနားကပ်ချင်ကြသည့် ပျိုပျိုမေများကိုလည်း မသိမသာရှောင်ရသေးသည်။
သက်ငြိမ်ကိုက လူပျိုကြီး ကံဇာတာပါသည်ဖြစ်ရမည်။ သူသည် မည်သူ့ကိုမှ စိတ်မဝင်စား၊မနှစ်သက်ပါဘဲ တစ်ကိုယ်တည်းသာနေနေ၏။
မရှောင်နိုင်လိုက်သည့် တစ်ကြိမ်တွင်တော့ သက်ငြိမ်အနားသို့ ကြည်ကြည်က ကပ်လာခဲ့သည်။
" ကိုသက်ငြိမ် ... ဟင်းရည် ကူဖြည့်ပေးပါဦး "
" အင်းအင်း ကြည်ကြည် ၊ ကိုယ် သွားယူ
ပေးမယ် "" ကြည်ကြည်လည်း လိုက်ခဲ့မယ် "
အိမ်ဘေး မြေကွက်လပ်တွင် ဟင်းအိုးကြီးများဖြင့် ချက်ပြုတ်နေကြပြီး ထိုအိုးကြီးများမှတစ်ဆင့် ဆွဲပုံးများထဲထည့်ကာ စားပွဲပေါ်မှ ပန်းကန်များထဲလိုက်ထည့်ပေးရခြင်း ဖြစ်သည်။ ကြည်ကြည်က သက်ငြိမ်ဘေးမှ အတူလျှောက်ရင်း စကားစလာသည်။
" ကိုသက်ငြိမ် ဒီနေ့ တော်တော်လေးကို သန့်ပြန့်နေတာပဲ "
" အရင်နေ့တွေက ကိုယ် ညစ်ပတ်နေခဲ့တာလား ကြည်ကြည် "
" ဟာ ကိုသက်ငြိမ်က ဘာမှန်းလည်းမသိဘူး ကြည်ကြည်က တကယ်အကောင်းပြောတာကို "
" ကြည်ကြည်လည်း ချစ်စရာကောင်းနေပါတယ် "
" အို ရှင် "
YOU ARE READING
မောင့်သက်ငြိမ်
Romanceမောင့်သက်ငြိမ် နဲ့ သက်ငြိမ်ကိုချစ်တဲ့မောင် တို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးပေါ့။