ဗီဒီယိုရုံတစ်ခုလုံး iron cross အဖွဲ့၏ သံစဉ်ဖြင့် ငြိမ့်နေသည်။ သက်ငြိမ်နှင့်ကိုထူးမှာ နိုင်ငံခြားအက်ရှင်ကား အသစ်ထွက်၍ ဗီဒီယိုကြည့်ရန်လာကြခြင်းဖြစ်သည်။
သက်ငြိမ်တို့၏ မြသပြေလမ်းထောင့်တွင်
'ကိုကိုဝတုတ်' ဗီဒီယိုရုံ၏ ဆိုင်းဘုတ် ထောင်ထားပြီး ကားသစ်ထွက်တိုင်း ရုံတွင်လူစည်တတ်သည်။ဗီဒီယိုရုံတွင် နိုင်ငံခြားကားရုံ နှင့် မြန်မာကားရုံဟူ၍ နှစ်ရုံရှိပြီး ဇာတ်ကားမပြခင် သီချင်းများဖွင့်ပေးကာ ၇နာရီထိုး၊ရုံပြည့်ချိန်တွင်မူ ဇာတ်ကားစပြလေသည်။
' မင်းသိဖို့ကောင်းတယ် ...
စွဲမိတဲ့ မင်းရဲ့ အပြုံးလေးတွေ
ချိုသာတဲ့စကားများပျောက်ကွယ်ရင်
မနေတတ်လို့ ... ယောင်ချာချာ ဖြစ်ခဲ့ရ 'သက်ငြိမ်မှာ သီချင်းကို ခပ်တိုးတိုးလိုက်ညည်းနေမိရင်း ဖန်သားပြင်ကို ကြည့်နေလေသည်။ ခဏအကြာ သီချင်းခွေကပိတ်သွားပြီး ဇာတ်ကားပြဖို့ပြင်သည်။ သို့သော် အခွေက ထစ်နေကာ ပြ၍မရဖြစ်နေတော့သည်။
" ကျစ် !! ကား ကောင်းလို့လာကြည့်ပါတယ်ဆိုမှ "
ကိုထူးက စိတ်ပျက်လက်ပျက်ညည်းသည်။
ရုံထဲတွင် ဟိုစုစု၊သည်စုစု အသံထွက်လာသည်။ရုံပိုင်ရှင်၏ သားဖြစ်သူ ဝတုတ်က ထွက်လာပြီး
" အခွေထစ်နေလို့ ပြလို့မရတော့ဘူးဗျ ။
ရုံမတင်ရသေးတဲ့ ကုလားကားပြပေးမယ်။
နှစ်ဘဝကလဲ့စား သရဲကား တအားကောင်းတယ် "တစ်ချို့က စိတ်ပျက်လက်ပျက်ဖြင့် ငွေ ၂၀၀ အဆုံးခံကာ ရုံထဲမှထွက်သွားကြပြီ။ ကိုထူးက ကုလားကားမကြိုက်သူဖြစ်၍ သက်ငြိမ်ကို လက်ကုတ်ကာ ပြန်ဖို့တာစူသည်။
" ကျွန်တော်ကြည့်ကျန်ခဲ့မယ် ကိုထူးပြန်နှင့် "
" အေးအေး ငါသွားပြီ "
ဇာတ်ကားစသည်နှင့် ရုံတစ်ခုလုံး မှောင်သွားသည်။ ဘေးဘီဝဲယာကို မမြင်ရသည့်အပြင် ညအချိန်ဖြစ်၍ အမှောင်ထုက ပို၍ သိပ်သည်းသည်။ သက်ငြိမ်တို့ငယ်ငယ်ကဆို မောင်နှမသုံးယောက် တစ်ယောက်လက်၊တစ်ယောက်ဆုပ်ကိုင်ကာ သုံးယောက်သား ကျစ်ကျစ်ပါအောင်ဖက်၍ သရဲကားကို အပြည့်အဝအားပေးခဲ့ကြသည်။
လူကြီးဖြစ်နေပြီဖြစ်သော သက်ငြိမ်မှာမူ တစ်ယောက်တည်း။ သို့သော် သက်ငြိမ်က အကြောက်လွန်တတ်သူတော့မဟုတ်။
YOU ARE READING
မောင့်သက်ငြိမ်
Storie d'amoreမောင့်သက်ငြိမ် နဲ့ သက်ငြိမ်ကိုချစ်တဲ့မောင် တို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးပေါ့။