' မကြာခင်မှာကြင်နာမယ်
သူ့ကို အဖြေပေးလိုက်တော့မယ်
သနားတဲ့စိတ်ကလေး ဘယ်ကဝင်လာတယ်
ရင်မှာနှောင်တွယ် စိုးမိုးသွားပြီကွယ်..
ချစ်စရာကောင်လေးအရွယ်က ငယ် ငယ်
ကျမရဲ့အသည်းမှာ နေရာဝယ်
အိုကွယ် မကြာခင်မှာချစ်တော့မယ်..ဟန်ဆောင်တာတွေ ကြာပြီကွယ်
စိတ်ကို ချုပ်ထိန်းထားခဲ့တယ်
စကားပြောကောင်းတဲ့ကောင်လေး
အမောင်ရယ်
ရင်မှာနေရာ ပေးလိုက်မိပြီကွယ်..
သူ့အတွက် မေတ္တာတွေလည်း ရည်ရွယ်
နှလုံးသားလေးကို လှူချင်တယ်
အိုကွယ် မကြာခင်မှာချစ်တော့မယ်...'ရေဒီယိုမှလာနေသော သီချင်းကိုကြားတော့ သက်ငြိမ်တစ်ယောက် လွင်မင်းမောင်ကိုပင် ဖျတ်ခနဲ ပြေးမြင်မိသည်။
ဆေးစာရင်းများကို ဂဏန်းပေါင်းစက်ဖြင့် တတောက်တောက်တွက်ရင်း သက်ငြိမ်အလုပ်ရှုပ်နေစဥ်မှာပင် အချိန်မှန်သော လွင်မင်းမောင်က ကောင်တာရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလေပြီ။
" ဒိုပါမင်း ရှိလားဗျ "
" ဘာလုပ်ဖို့လဲ အဲ့ဆေးကို "
" စိတ်ပျော်ဟော်မုန်းတွေမထွက်တော့လို့လေ "
" အဲ့ဆေးက ရောင်းခွင့်မရှိဘူး ဆရာဝန်ညွှန်ကြားချက်ရှိမှ သောက်ရမှာ ၊ ပုံမှန်စပ်ဆေးပဲရမယ် "
" ဘယ်လိုလုပ်ရမလဲ ၊ မောင်မှ မပျော်တော့တာလေ "
" ဘာလို့မပျော်ရပြန်တာတုန်း "
သက်ငြိမ်က စိတ်လက်ကြည်သာစွာဖြင့် စိတ်ရှည်လက်ရှည်မေးလိုက်တော့ လွင်မင်းမောင်က ကောင်တာပေါ်မေးထောက်ရင်း ငေးစိုက်ကြည့်လာသည်။
" ခင်ဗျားကမှ ပြုံးမပြတာ၊ မောင် ဘယ်လိုလုပ် ပျော်ရတော့မလဲ "
" ကိုယ်ပြုံးပြရင် မင်းက ပျော်မှာလား "
" မသိဘူး မောင့်ကို ပြုံးပြကြည့်ပေါ့ "
သက်ငြိမ်က ဂဏန်းပေါင်းစက်ကို တတောက်တောက်ဆက်နှိပ်ရင်း လွင်မင်းမောင်ကို လျစ်လျူရှုလိုက်သည်။ လွင်မင်းမောင်မှာ သက်ငြိမ်၏ ငိုက်စင်းနေသော မျက်တောင်တိုစိပ်စိပ်များကို ငေးစိုက်ရင်း အမှုမဲ့၊အမှတ်မဲ့ပင် ရေတွက်နေသေးသည်။
YOU ARE READING
မောင့်သက်ငြိမ်
Romansaမောင့်သက်ငြိမ် နဲ့ သက်ငြိမ်ကိုချစ်တဲ့မောင် တို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးပေါ့။