အပိုင်း ၁၆

170 8 1
                                    

' အလှမ်းဝေးတဲ့လမ်းတွေနောက်
မထူးခြားလည်း အရိပ်လို
တကောက်ကောက်နဲ့လိုက်
အကြင်နာကို မျှော်လင့် မင်းသိရဲ့လား
တမ်းတမိတယ် ချစ်သူလေးရယ် ယူမယ်

အလွမ်းလေးများ ပေးခဲ့ရင်လည်း
ပေးလိုက်စမ်းအနမ်းလို့ တို့သတ်မှတ်မယ်
ဘယ်သူတွေ ဘယ်လို စွန့်ပစ်ခဲ့လည်း
မင်းလေးအနားမှာ အမြဲရှိမယ်

ရှင်သန် ချိန်တိုင်း...
မောင် စောင့်ရဦးမယ် ...
အချစ်အတွက်
တစ်နေ့တော့ ပျော်ချင်တယ်
မောင့်ရဲ့ဘဝမှာ ပျော်နိုင်မလား

အသည်းလေးများခွဲလည်း မောင်ခွင့်ပြုမှာ
နောက်တစ်ယောက်နဲ့တွဲလည်း
မောင်ခွင့်လွှတ်တာ
သူ မသိဘူး အချစ်ဦးမို့ပါ

မောင့်ရဲ့အလှည့် ရောက်လို့လာမလား
တစ်ဖြည်းဖြည်းမင်းအနားမှာ
စိတ်ဓာတ်ကျလာ
ဘယ်အချိန်မှာ အချစ်များ မောင့်အတွက်လဲ
မောင့်ချစ်သူ နားလည်ပါ

ပြန်လာနိုင်မလား
အတုံ့အလှည့်အချစ်တွေ မောင့်အတွက်
သီးသန့် ပိုင်ချင်တယ်
သိပ်ချစ်လို့ကွယ် အပိုင်ရချင်တယ်

အသည်းလေးများခွဲလည်း မောင်ခွင့်ပြုမှာ
နောက်တစ်ယောက်နဲ့တွဲလည်း
မောင်ခွင့်လွှတ်တာ

သူမသိဘူး အချစ်ဦးမို့ပါ '

လွင်မင်းမောင်တစ်ယောက် သက်ငြိမ်တို့ အိမ်ရှေ့ ဂစ်တာခေါက်ကာ၊သီချင်းလာဆိုနေခြင်းပင်ဖြစ်ပါသည်။ ဤ သီချင်းအား သူလာလာဆိုနေကျဖြစ်သော်လည်း ယနေ့ကျမှ ပိုကာ ဆွေးရိပ်သမ်းနေသ‌ယောင်ပင်။

အကြောင်းမှာမူ သူ သက်ငြိမ်တို့ရုံးသို့ ညနေသွားစောင့်ချိန်တွင် သက်ငြိမ်နှင့်ကြည်ကြည်တို့ နှစ်ဦးသား ရယ်မောပျော်ရွှင်စွာ ရုံးထဲမှထွက်လာသည်နှင့် တည့်တည့်တိုးခဲ့ပါ၏။

သက်ငြိမ်က လွင်မင်းမောင်ကိုမြင်သည်နှင့် အကြည့်လွှဲကာ မမြင်ချင်ယောင်ဆောင်ရင်း ကြည်ကြည့်ကိုသာ ပြုံးကြည့်နေပါသည်။

လွင်မင်းမောင်မှာ ရင်တွင်းတစ်နေရာက အောင့်မျက်နာကျင်သွားရသောကြောင့် မချိပြုံးပင်မပြုံးနိုင်။ နဂိုတည်သောမျက်နှာသည် ပိုမိုကာ မှိုင်းညို့သွားရလေသည်။

မောင့်သက်ငြိမ်Where stories live. Discover now