အပိုင်း ၁၀

222 8 1
                                    

သက်ငြိမ်၏လည်ပင်းမှ တင်းကြပ်မှုများ ရုတ်ချည်းပြေလျော့သွားပြီး သူ၏ကိုယ်ပေါ်မှ လူသည်လည်း အားတစ်ခုကြောင့် အဝေးသို့လိမ့်ထွက်သွားသည်။ သက်ငြိမ်သည် မျက်လုံးများကိုဖွင့်၍ ဘေးဘီဝဲယာသို့လှည့်ကြည့်လိုက်သည်။ ယခုလေးတင် သူ့ကိုတိုက်ခိုက်ခဲ့သူ သုံးဦးမှာ တခြားလူတစ်ဦး၏လက်တွင် အထိနာနေကြသည်။ တစ်ယောက်ပြီးတစ်ယောက်မြေပြင်နှင့်မိတ်ဆက်ကာ ဒဏ်ရာများမှာမြင်မကောင်းလောက်အောင် သွေးတို့ယိုစီးလျက်။

သက်ငြိမ်မှာ ဘယ်လက်ကိုအားပြုထောက်၊ ညာလက်ကို ကိုယ်ပေါ် ယှက်တင်ရင်း မြေကြီးတွင်ထိုင်လျက် ထိုလူအား မော့ကြည့်နေသည်။ ထိုလူအား သက်ငြိမ်မြင်ဖူးသကဲ့သို့ ရှိလှသည်။ ရှပ်နက်ပြာလက်တို၊ဂျင်းအပြာဖျော့၊ခပ်တိုတိုဆံပင်က ရှေ့တွင်ဖွာလန်ကျဲနေပြီး မှေးစင်းကာစူးရဲနေသော မျက်ဝန်းများကို ဖုံးကွယ်လုလု။
နှုတ်ခမ်းတို့ကိုတင်းတင်းစေ့ပိတ်ထားပြီး တစ်စက်မှပြုံးရိပ်သမ်းမနေသော မျက်နှာ။

သူ့အောက်မှလူ၏မျက်နှာကို လေး၊ငါးချက်‌လောက် အားပါပါဆင့်ထိုးပြီး နှုတ်ခမ်းတစ်ဖက်ပင့်၍ သရော်လိုက်ဟန်။

" ခင်ဗျားကများ ရာရာစစ ၊ ကျုပ်လူကိုထိရဲတယ်ပေါ့လေ "

ထိုလူအား သက်ငြိမ်ရင်းနှီးဖူးသော်လည်း ထိုလေသံကိုမူ ပထမဆုံးအကြိမ်အဖြစ် ကြားဖူးခြင်းပင်။ ဩရှရှဖြင့် မာထန်အေးစက်လှသည့်အသံက ထပ်၍ထွက်လာသည်။

" ဒီလက်တွေ ...  သောက်ကျိုးနည်း ဒီလက်ညစ်ပတ်တွေနဲ့ ကျုပ်လူကို "

" အား "

သူ့အောက်ကလူ၏ တန်းတောင်ဆစ်နေရာကို ကျိုးကြေမတတ်ဖိနင်းနေသည်မှာ တစိမ့်စိမ့်နှင့်အကြာကြီးပင်။ လက်နှစ်ဖက်လုံးကို တစ်လှည့်စီ နင်းခြေနေရာ ပတ်ဝန်းကျင်တစ်ခုလုံး အော်ဟစ်သံများဖြင့် ပြည့်နှက်သွားတော့သည်။

သက်ငြိမ်မှာ ထိုမြင်ကွင်းကို အကြောင်သား ငေးနေရာမှ ရုတ်တရက် အန္တရာယ်အငွေ့အသက်ကို ခံစားမိသွားသည်။
သူ့ရင်ထဲဒိန်းခနဲ လှုပ်ခုန်သွားပြီး အကျယ်ကြီးအော်လိုက်သည်က

မောင့်သက်ငြိမ်Where stories live. Discover now