အပိုင်း ၁

759 20 1
                                    

" သက်ငြိမ်ရေ ... သက်ငြိမ် "

" လာပြီ ... ကိုထူး "

အိမ်ရှေ့မှ တကြော်ကြော် အော်နေသော ကိုထူးကြောင့် သက်ငြိမ်က အိမ်တံခါးကိုဖွင့်ကာ အောက်ထပ်သို့ ဆင်းလာသည်။
ည၉နာရီရှိနေပြီဖြစ်၍ လမ်းမီးမ‌ရောက်သော အိမ်ရှေ့ကွက်လပ်သည် အနည်းငယ်မှောင်နေသည်။

" ဒီအချိန်ကြီး ဘာအလိုရှိလို့လဲ ကိုထူး "

ကိုထူးက သက်ငြိမ် အနားသို့ကပ်ကာ အိမ်ပေါ်သို့ တစ်ချက်မော့ကြည့်ရင်း ခပ်ကြိတ်ကြိတ်ပြောလာသည်။

" မင်းယောက်ဖ အာနိုးတို့ဆိုင်မှာ ရန်ဖြစ်နေလို့ "

" ဟာ ဟုတ်လား "

သက်ငြိမ်သည် ချက်ချင်းပင် ပုဆိုးကိုခပ်တိုတိုပြင်ဝတ်ကာ အပြေးတပိုင်းထွက်သွားတော့ ကိုထူးကနောက်မှပြေးလိုက်သည်။ နှစ်ယောက်သား အရက်ဆိုင်ရှိရာ လမ်းသွယ်သို့ သွားနေရင်း ကိုထူးက သက်ငြိမ်အား လှမ်းမေးသည်။

" မင်း ညီမရော ဘယ်လိုလဲ  "

"မြင့်နိုင်ကို စောင့်ရင်းခုနားကပဲ အိပ်ပျော်သွားတာ "

" မြင့်နိုင်တစ်ယောက်ကလည်းကွာ မိန်းမကနေ့စေ့လစေ့ကြီးနဲ့ကို မဆင်မခြင် "

ကိုထူးနှင့်သက်ငြိမ်တို့မိသားစုမှာ တစ်ရပ်ကွက်တည်းသားချင်းများဖြစ်ကြ၍ ပြောမနာဆိုမနာ၊ယခုလည်း ကရုဏာဒေါသဖြင့် ပြောမှန်း သက်ငြိမ်သိပါသည်။

အာနိုးအရက်ဆိုင်သို့ ရောက်သည်နှင့် လုံးထွေးသတ်ပုတ်‌နေကြသောလူစုထံမှ ဒေါသတကြီးစကားဆိုသံတို့အား ကြားလိုက်ကြရသည်။

" မအေ * မြင့်နိုင် မင်း ဒီနေ့အသေပဲ "

" ခွေးမသား လာလေ လာစမ်းပါ "

မြင့်နိုင်နှင့်ရန်ဖြစ်နေကျ စိုးမြင့်၊ဝင်းဇော်နှင့် ဘသောင်းတို့က ထုံးစံအတိုင်း သူတစ်ပြန်ကိုယ်တစ်ပြန် ထိုးကြိတ်နေကြသည်။ ဆိုင်ရှင်ရောအရက်သောက်‌နေသည့် တခြားသူများရော ထိုရန်ပွဲကို ဝင်မကူဆွဲပေးကြပါ။
တစ်ပတ်မှာ ၆ရက်နှင့်နေ့တစ်ဝက်လုံး ရန်ပွဲဟေ့ ဟုဆိုလျှင် ဒီလူ၊ဒီလူတွေချည်းသာ။

မောင့်သက်ငြိမ်Where stories live. Discover now