သက်ငြိမ်တို့ ရုံးမှာ သီတင်းကျွတ်ပိတ်ရက်ဖြစ်သော်လည်း လူလူသူသူတို့ဖြင့် စည်ကားဆူညံနေသည်။ အကြောင်းမှာ ရုံးရှိလူကုန်စုစည်း၍ ကြက်သားကာလသားဟင်း ချက်စားကြ၍ဖြစ်သည်။
အပျိုကြီး မသီတာက ဘူးသီးများကိုင်နေပြီး ယမန်နှစ်ကတည်းက စွံသွားပြီဖြစ်သော သိန်းထွန်းမောင်မှာမူ ထင်းမီးဖိုနေသည့် ကိုကျော်စွာထံကပ်၍ ဘီယာဝယ်ရန် အဖော်ညှိနေသည်။
သက်ငြိမ်မှာ အားလုံးသဘောကျစေရန်အလို့ငှာ ဆောင်းဘောက်တစ်ခု မ ချလာပြီး အသံစမ်းနေလေသည်။ရုံးမှ မိန်းကလေးများက ကြက်သွန်ခွာသူခွာ၊ကြက်သားဆေးသည့်သူကဆေးဖြင့် စကားတပြောပြော။
" မကျက်သေးဘူးလားဟေ့ "
သိန်းထွန်းမောင်က ထင်းခွဲရင်းမှ မိန်းကလေးအုပ်စုဘက်ကို လှမ်းအော်လာသည်။
" စတောင်မစရသေးတာကို ထင်းသာအရင်ခွဲစမ်းပါ "
ထိုသို့ မသီတာက လှမ်းငေါက်လေရာ
သိန်းထွန်းမောင်က" ဟ !! ဗိုက်ဆာနေပြီ ။ ထင်းခွဲဖို့ အားမရှိတော့ဘူး "
" ကိုသိန်းထွန်း မိန်းမက ဘာမှ မကျွေးလိုက်ဘူးလား "
" ငါ့မိန်းမ ငါ့ဘာကျွေးကျွေး မင်း ပြောစရာလား ကျော်စွာရ "
" ခင်ဗျားက မဟုတ်သေးပါဘူးဗျာ "
" တော်ပြီ ငါ ဘီယာသွားဝယ်လိုက်ဦးမယ် ။ ဒီညအဝကြိတ်ဖို့ အိမ်က ကလေးဆီမှာ ခွင့်ပြုချက်ရလာပြီးသား "
" ကိုသိန်းထွန်း ဘယ်တုန်းက ကလေး ရသွားတာလဲ "
" ငါ့မိန်းမကိုပြောတာကွ "
" ကလေးဆိုတာ ဟိုမှာ ..."
ကျော်စွာက ပြောပြောဆိုဆိုနှင့် ခြံဝန်းထဲကို ဝင်လာသည့် သံယောဇဉ်ကို လက်ညိုးထိုးပြသည်။ သံယောဇဉ်က သက်ငြိမ်ကိုမြင်သည်နှင့် သက်ပုလက်ကိုလွှတ်ကာ ပြေးလာပြီး သီချင်းအော်ဆိုလိုက်သည်။
" ဒင်းကျွတ်ညယေးည ကျန်လယ်ကာ မှတ်ရမိပါတွယ် "
" ဟယ် အာပုတုလေး ဦးဦးသက်ငြိမ်ဆီ လိုက်လာတာလား "
" အုတ် ( ဟုတ် ) "
သင်လွယ်တတ်လွယ်သည့် သံယောဇဉ်ကလေးမှာ ဟုတ် ဟူသည့်စကားကျမှ တအုတ်အုတ်ဖြင့် အသံထွက်လေသည်။
YOU ARE READING
မောင့်သက်ငြိမ်
Romanceမောင့်သက်ငြိမ် နဲ့ သက်ငြိမ်ကိုချစ်တဲ့မောင် တို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးပေါ့။