အပိုင်း ၁၁

96 3 3
                                    

သက်ငြိမ်တို့အိမ်ပြန်ရောက်တော့ အပေါ်ပင်မတက်နိုင်ဘဲ ဆေးခန်းတံခါးကိုသာ အရင်ဖွင့်ရသည်။ တဖြည်းဖြည်းနီရဲယောင်ကိုင်းလာသော ညာလက်ကောက်ဝတ်ကြောင့် သက်ငြိမ်မှာ ဘာတစ်ခုမှမလုပ်ကိုင်နိုင်၍ လွင်မင်းမောင်ကသာ တံခါးဖွင့်သည်ကအစ၊ဆေးများရှာဖွေသည့်အဆုံး လုပ်ရသည်။

" ခင်ဗျား လက်က‌လေး မောင့်ကို ကမ်းပေးပါဦး "

" ဘာလုပ်မလို့လဲ မင်းခေါင်းကိုသာ အရင်ပတ်တီးစည်းစမ်းပါ "

" ခင်ဗျားလက် ဒီလောက်ယောင်နေတာကို "

" သွေးထွက်ဒဏ်ရာလောက်အရေးမကြီးဘူးကွ "

" ဟုတ်ပါပြီ "

လတ်တလောမှာတော့ သွေးတိတ်အောင်သာ ပတ်တီးစည်းထားလိုက်ပြီး မနက်ကျမှ ကွဲပြဲသွားသည်ကို ဆေးခန်းပြရမည်ပင်။
သက်ငြိမ်ရောလွင်မင်းမောင်ပါ ပတ်တီးအဖွေးသားဖြစ်လို့နေပြီ။

" လာပါဦး မောင် ဆေးထည့်ပေးချင်လို့ "

" မလိုဘူး ကိုယ့်ဘာသာထည့်မယ် "

လွင်မင်းမောင်က သက်ငြိမ်၏ မျက်နှာပေါ်မှ ဒဏ်ရာများကို ဆေးထည့်ပေးချင်သော်လည်း သက်ငြိမ်ကလက်မခံ။

" ညာလက်ကလှုပ်မရဘူးမလား၊ ဘယ်လက်နဲ့ထည့်ဖို့ကျ အဆင်မပြေဘူးလေ "

" ကိုယ်က ဘယ်ရောညာပါ ..."

" မောင် ကူပေးချင်လို့ပါဆို "

လွင်မင်းမောင်၏ ချွဲပျစ်ပျစ်လေသံကြောင့် သက်ငြိမ် ကြက်သီးပင်ထသွားသည်။

" ဟောဗျာ မျက်မှောင်ကကုတ်ရပြန်ပြီ။ မျက်နှာကိုဆေးထည့်ပေးရုံပါ။ နမ်းမှာမှမဟုတ်တာ "

" မင်း "

သက်ငြိမ် စကားမဆုံးခင်မှာပင် လွင်မင်းမောင်က သူ့မေးစေ့ကို လက်ညိုးဖြင့်ပင့်မော့လိုက်သည်။ နှစ်ယောက်က မျက်လုံးချင်းဆုံသွားကြလေသည်။

" စတွေ့ကတည်းကလေ မောင်က မောင့်သက်ငြိမ်ကို အထိအခိုက်နည်းစေချင်ခဲ့တာပါ "

"  ...  "

" မောင် ရပ်တည်ချင်ခဲ့တဲ့ ဘက်ခြမ်းဟာ မောင့်သက်ငြိမ် ခြေချမယ့် မြေပြင်ပါ။ မြေသားထုကြီးမပြိုကျရအောင်လည်း မောင်က တစ်တပ်တစ်အားနဲ့ထောက်ကန်ပေးမှာ။
ယုံပါ မောင်က ခင်ဗျားဆီမှာကပ်မယ့် မြူတွေကအစ လွင့်ပါးစေချင်တာ "

မောင့်သက်ငြိမ်Where stories live. Discover now