"သားရေ ဘာတွေလိုသေးလဲ။ တစ်ခုခုလိုတာရှိရင်ပြောနော်။ မားတို့တစ်ရက်အချိန်ရတယ်။"
"စက်ဘီးနဲ့ ၊ စကိတ်ဘုတ်ပါရင်ပြီးရော မားရာ။"
18 နှစ်အရွယ်အထက်တန်းကျောင်းသားလေးရိပေါ်က ဂိမ်းကိုအာရုံစိုက်ရင်း အမေဖြစ်သူကို စိတ်မရှည်လက်မရှည်ပြန်ပြောတယ်။ သူ့အဖေက စီးပွားကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး အရမ်းကိုပဲချမ်းသာတယ်။ ဒါပေမယ့် တစ်ချို့လုပ်ငန်းတွေက အန္တရာယ်ရှိလို့ ဇနီးနဲ့သားကိုလူသိမခံဘူး။ သူ့ကိုအားလုံးက အိမ်ထောင်ပျက်တစ်ယောက်လို့ပဲသိထားတာဖြစ်တယ်။ တစ်ကယ်ကသူ့မိန်းမနဲ့ သားကိုတုန်နေအောင်ချစ်တဲ့လူဖြစ်ပြီး အခုလည်း တွေးပူစိတ်မချဖြစ်ကာ ရိပေါ်ပါးရဲ့ ဇာတိမြို့ C မြို့ကိုပြောင်းရွှေ့ခိုင်းတယ်။ ရိပေါ်မားနဲ့ ရိပေါ်ကတော့ သူ့အဖေဘာအလုပ်လုပ်လဲ စိတ်မဝင်စား။ သူတို့သားအမိ သာသာယာယာနေရရင်ကို ကျေနပ်နေတဲ့ လူစားမျိုးတွေဖြစ်တယ်။
ရိပေါ်ကိုကျောင်းပြောင်းတဲ့ကိစ္စကလည်း အထွေထူးမခက်ခဲ။ ငွေနဲ့ပစ်ပေါက်လို့ အရာရာကိုဖြေရှင်းနိုင်တယ်။
ရိပေါ်က ဒီအရွယ်ထိ ထူးထူးခြားခြား ဇွတ်ပူစာတာမျိူးတွေမရှိဘူး။ မိဘတွေကလည်း ပူစာစရာမလိုအောင်ကိုဖြည့်ဆည်းပေးတာကြောင့်လားတော့မသိ။ ဘာစားမလဲမေးရင်လည်း မားလုပ်တာအကုန်စားတယ်။ဘာဝတ်မလဲဆိုလည်း မားဆင်တာအကုန်ဝတ်တယ်။ ရိပေါ်မားကလည်း ငယ်ရွယ်သေးတဲ့သူမို့လို့ စင်ဘီး၊စကိတ်ကြိုက်တဲ့သားအတွက် လိုက်ဖက်တဲ့ အဝတ်စားတွေဆင်ပေးတတ်တယ်။
ရိပေါ်ဆီမှာထူးဆန်းတဲ့အကျင့်တစ်ခုရှိတယ်။ သူဘာမှ လုပ်မနေတော့ဘူးဆိုရင် ပြတင်းပေါက်အပြင်ကိုငေးနေတတ်တာပါပဲ။ အရမ်းလည်းဝမ်းနည်းနေတာမျိုး။ တစ်ခါတစ်လေဆို ငိုနေတယ်လို့ ဝမ်မားထင်မိတာကြောင့် သူ့သားလေးကိုအဲ့ တစ်ချက်စိုးရိမ်တယ်။
ဝမ်ပါးနဲ့ ဝမ်မားတိုင်ပင်ပြီး အဲ့ဒီကိစ္စကို အဖြေရှာဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ဘူး။ ရိပေါ်က ဘာမှပြောမလာဘူး။
__________
C မြို့ကိုရောက်တော့ ရိပေါ်အရမ်းပျော်နေတယ်။ ရိပေါ်အရမ်းပျော်လို့ ရိပေါ်မားလည်းပျော်နေတယ်။ ရိပေါ်ပျော်နေတာကို သူ့အဖေဆီဖုန်းဆက်ပြောတော့ သူ့အဖေကလည်းသူ့သားလေးပျော်နေတာကို မြင်ချင်တာမှ တစ်အားပဲ။ ဒါပေမယ့်အလုပ်တွေကမအားဘူး။