ရှောင်းကျန့်လည်း ကျောင်းသွားကျောင်းပြန်ကစလို့ နားနေချိန် သန့်စင်ခန်းသွားချိန်အကုန်လုံး ရိပေါ်ကိုပဲလိုက်ချောင်းနေရတယ်။ ဒီလောက်သတိထားနေတဲ့ကြားက ဘွားကနဲပေါ်ပေါ်လာပြီး လူကိုဖက်နမ်းတော့တာပဲ။ ပြသနာအရှည်ကြီးတွေမဖြစ်ချင်လို့ ရှောင်နေလည်းမရဘူး။ ရိပေါ်ဆိုတဲ့လူကတဇွတ်ထိုး။
ခုလည်း ရှောင်းကျန့် မုန့်တောင်ထွက်မစားပဲအခန်းထဲမှာပဲနေနေတာဖြစ်ပြီး သူ့ကျောကုန်းကိုပေါက်ထွက်မတတ်စိုက်ကြည့်နေခြင်းခံနေရပြန်တယ်။ ဒီလိုပုံစံနဲ့ဘယ်လိုရှေ့ဆက်မလဲ။ ရှောင်းကျန့်စိတ်မရှည်စွာလှည့်လာပြီး။
"ရိပေါ်..."
"ရှောင်းကျန့်"
သူတို့နှစ်ယောက်ပြိုင်တူ ခေါ်မိလိုက်ကြတာဖြစ်တယ်။
"မင်းအရင်ပြောပါ။"
"မင်းမပြောခိုင်းရင်တောင် ငါအရင်ပြောမှာပဲ။ ဒီမှာဝမ်ရိပေါ် ပြသနာအကြီးကြီးမဖြစ်ချင်ရင် မင်းလုပ်ရပ်တွေရပ်တန်းကရပ်။"
"ကိုယ်ပြသနာဖြစ်ချင်တယ်။"
"မင်း..."
"ငါတို့တစ်နေရာမှာစကားပြောရအောင်။"
ရိပေါ်ကအဲ့လိုပြောပြီး လွယ်အိတ်လွယ်ကာထသွားတော့ရှောင်းကျန့်လည်းအနောက်ကနေလိုက်သွားတယ်။
"ပြသနာဖြစ်ချင်တယ်ဆိုလည်း ဖြစ်တာပေါ့။"
ကျောင်းပြင်ကအအေးဆိုင်မှာဖြစ်တယ်။ အတန်းချိန်နှစ်ချိန်လောက်ကျန်သေးတာကို ကျောင်းပြင်ထွက်လာတဲ့ရိပေါ်။ ပြသနာဖြစ်ချင်တယ်ဆိုလို့ ရှောင်းကျန့်လည်း စကားရှည်မနေတော့ပဲသူ့နောက်လိုက်သွားတယ်။ အအေးဆိုင်ကလူရှင်းပြီး သူတို့က ထောင့်မှာထိုင်လိုက်တယ်။
"ကဲပြောတော့ မင်းဘာဖြစ်ချင်တာလဲ။"
"ငါမင်းကို လက်ထပ်ချင်တယ်။"
"ဘာ..."
"ဖြစ်နိုင်ရင် အခုလက်ထပ်ချင်တယ်။"
"မင်းဘာအရူးထတာလဲ။ "
"ငါတို့ကအရင်ဘဝက လင်မယားတွေပဲ။ မင်းသာအတိတ်ကို မှတ်မိရင် ငါ့ကိုသေချာပေါက်ရွေးချယ်မှာ။"