Part-2

893 132 8
                                    

နောက်‌တစ်နေ့ရှောင်းကျန့်ဒါဏ်ရာရတဲ့ ကိစ္စက ဆရာ၊ ဆရာမတွေအကုန်ပြာယာခတ်စေသွားတယ်။ ဘယ်သူလုပ်လဲဆိုတာရှောင်းကျန့်ဖက်ကမပြောတာမို့ ဆရာမတွေက စစ်မေးရတယ်။ တစ်ခါထက်ပိုပြီးစစ်မေးစရာမလိုပါဘူး။ ရိပေါ်ကအတန်းရှေ့ထွက်လာတယ်။ ရိပေါ်‌ရဲ့ဒူးနဲ့တံတောင်မှာလည်း ပတ်တီးအဖွေးသားနဲ့ဖြစ်နေရာ ကျောင်းဝတ်စုံက ဘောင်းဘီတိုမို့ ပေါ်လွင်နေတယ်။ ဒါပေမယ့်ဆရာမတွေက အဲ့ဒါကိုလျစ်လျူပြီး Cဝန်ကြီးရဲ့အမြတ်တော်ကိုပဲအာရုံစိုက်ကြတယ်။ ဒါကြောင့်သူတို့ဝမ်ရိပေါ်ကိုအပြစ်ပေးဖို့လုပ်ကြတယ်။

"အပြင်ထွက် အတန်းရှေ့မှာ ဒူးထောက်လက်မြှောက်။"

ရိပေါ်က ငြင်းဆိုခြင်းမရှိပဲ အတန်းပြင်ထွက်သွားတယ်။ ရှောင်းကျန့်ကတော့ နဲနဲစိုးရိမ်သွားတယ်။ မနေ့ကဖြစ်တာ မတော်တဆပါပဲ။ သူ့ဒူးခေါင်းကနဲနဲလေးပဲ ပွန်းတာ။ ရိပေါ်ကအများကြီး ထိထားတာမဟုတ်လား။ ဒါပေမယ့်သူဝင်ပါလို့မရဘူး။ သူ့အဖေက တစ်ဖက်နေ ဆရာမတွေကို အမိန့်ပေးနေတာ။

အတန်းရှေ့ဖြတ်သွားဖြတ်လာ တွေအကုန်လုံးကရိပေါ်ကိုကြည့်ပြီး သနားကြတယ်။ ဝန်ကြီးသားကဘာမို့လို့လဲ အကုန်လုံးကလူပဲမဟုတ်လား။ ရိပေါ်ကအများကြီးထိခိုက်ထားတာကို လျစ်လျူရှုပြီး အပြစ်ပေးတယ်။ဆရာမတွေတစ်ကယ်လွန်တယ်။ ပြီးတော့သူတို့ရှောင်းကျန့်ကိုလည်း မကြည်သလိုကြည့်ကြတယ်။ မတော်တဆဖြစ်တာကို တစ်ယောက်စကားတစ်ယောက်ကြားပြီး အကုန်သိကြတယ်။ ဆရာမတွေပဲ မသိဟန်ဆောင်ကြတာ။

ရှောင်းကျန့်လည်း သူ့ကိုလူဆိုးစားရင်းသွင်းနေတာကိုလုံးဝသည်းမခံနိုင်တော့ဘူး။ အိမ်ကိုဒီတိုင်းချော်လဲတာပါလို့ ညာပြောခဲ့ပေမယ့် သကောင့်သားကနှစ်ခွန်းမမေးရဘူး။ ဝန်ခံချင်နေတယ်လေ။

စာသင်ချိန်တစ်ချိန်တိတိ ဒူးထောက်ရတော့ ရိပေါ်တော်တော်လေးထိသွားတယ်။ မားကပလာစတာထူထူအုပ်ပေးထားလို့တော်သေးတယ်။ ရိပေါ်ခုံမှာဝုန်းကနဲထိုင်ချပြီး စားပွဲပေါ်ခေါင်းမှောက်အိပ်ချလိုက်တယ်။ အဲ့ဒီအခါ အတန်းထဲက ယောက်ျားလေး မိန်းကလေး တစ်ချို့ကပြေးလာတယ်။

Blurred 2 ( Completed )Where stories live. Discover now