စားပြီးသွားတော့ ရိပေါ်က ထပြီး တစ်ခုခုသွားဝယ်တယ်။ ပြီးတော့ရှောင်းကျန့်အနားကိုပြန်လာပြီး
"အများကြီး မထိလို့တော်သေးတယ်။"
ရှောင်းကျန့်လည်ပင်းကို ပလာစတာအုပ်ပေးလိုက်တော့ ရှောင်းကျန့်က အယောင်ယောင်အမှားမှား လက်ပင်းလေးကိုအုပ်ထားလိုက်မိတယ်။
"ပြန်ရအောင် မိုးမချုပ်ခင်ရောက်အောင်လို့။"
သူတို့ တွေတိတ်ဆိတ်စွာပဲ ကားစီးလာကြပြန်တယ်။ ကားရပ်လိုက်တဲ့နေရာက ကွန်ဒိုတစ်ခုဖြစ်ပြီး ရိပေါ်နဲ့ ရှောင်းကျန့်က အပေါ်တတ်လာကာ ဒေးဗစ်က ကားပါကင်ထိုးရင်းကျန်ခဲ့တယ်။
ရိပေါ်ကအခန်းတံခါးကိုဖွင့်ပြီးနောက်
"ရေချိုးလိုက်ဦး"
ရေမချိုးရသေးတာချင်းအတူတူ ရိပေါ်ကရေမချိုးပဲ ဆိုဖာပေါ်မှာထိုင်ပြီး ရှေ့က တီဗီကိုဖွင့်လိုက်တယ်။
"ရိပေါ်ရော မချိုးဘူးလား။"
ထိုအခါရိပေါ်ကသူ့ကိုမော့ကြည့်လာတယ်။ ကြည့်တဲ့ပုံစံက အတူချိုးဖို့အိမ်မက် မက်နေတာလားဆိုတဲ့အကြည့်မျိုး။
"ငါ ငါပြောတာ။ မင်းအရင်ချိုး ဖို့.."
ရိပေါ် ဘာမှဆက်မပြောပဲ တီဗီပြန်ကြည့်နေတယ်။ တစ်ကယ်တမ်းတော့ ရှောင်းကျန့်က ဖုန်တွေသဲတွေနဲ့ လုံးပမ်းနေခဲ့တာ။ ရိပေါ်က သပ်ရပ်နေဆဲပဲ။
ရှောင်းကျန့်ရေချိုးရင်း တွေးနေမိတယ်။ ရိပေါ်က သူ့ကိုစိတ်ဆိုးချင်စရာ ဆိုးလောက်ပါတယ်။ အရင်ကရိပေါ်က ခုလိုမျိုးမှ မဟုတ်တာ။ ဒါပေမယ့် သူ့ကိုမကွာရှင်းဘူးဆိုကတည်းက သံယောဇဉ် ရှိသေးလို့မဟုတ်လား။ ခုထိ ရည်းစားအသစ် မရှိပဲ သူ့ကိုလိုက်ရှာပုံက ဒါသူ့ကိုချစ်နေသေးတာပဲမဟုတ်လား။
ရိပေါ်တောင် သူနဲ့နီးစပ်ဖို့ အမျိုးမျိုးလုပ်ခဲ့သေးတာပဲ သူဘာလို့မလုပ်နိုင်ရမှာလဲ။
ရှောင်းကျန့် Bathrobe လေးဝတ်ပြီး အပြင်ထွက်လာတယ်။
"ရိပေါ် ငါပြီးပြီ..."
ရိပေါ်ကသူ့ကို စိုက်ကြည့်နေတော့ ရှောင်းကျန့်က ရှက်ပြုံးလေးပြုံးပြီး ခေါင်းငုံ့သွားတယ်။