"ကျန့်"
ရှောင်းကျန့်အသံကြားလို့မျက်လုံးတွေဖွင့်ကြည့်လိုက်တယ်။
"ရိပေါ်.."
ရိပေါ်ကသူ့ကို ပြုံးပြီးကြည့်နေတယ်။ သတိရသလောက် မနေ့က သူတို့မပြေလည်ကြသေးဘူး။ သူကအရင်အိပ်ပျော်သွားခဲ့တာ။
"ကျန့် ကိုယ်အလုပ်သွားတော့မယ်။"
"ဘယ်အလုပ်လဲ။"
"ဆောက်လုပ်ရေးလေ။ ဒီနေ့ လက်စသတ်မယ့်အဆောက်ဦးရှိတယ်။"
"ဆောက်လုပ်ရေး?? "
"အင်း...ကိုယ်သွားပြီနော်။"
ရိပေါ်က သူ့ကိုလက်ပြနှုတ်ဆက်ပြီးထွက်သွားတယ်။
"ဘာလဲ။ ရိပေါ်က ဘာလို့ဆောက်လုပ်ရေးမှာလုပ်နေတာလဲ။ ပြီးတော့ သူကငါ့ကို ဘယ်တုန်းကမှ ကျန့်လို့မခေါ်ဘူး။ တစ်ခုခုလွဲနေတာလား။"
"ရိပေါ်...."
ရှောင်းကျန့်လှမ်းခေါ်တော့ ရိပေါ်လှည့်ကြည့်လာတယ်။
"တစ်ခုခုလွဲနေပြီထင်တယ်။"
"ဘာလဲ...ပြင်ဆင်ထားဦးနော်။ မနက်ဖြန်ကြရင် ကိုယ်တို့မွေးရပ်မြေကိုသွားမှာ။"
"ဟင်..."
မွေးရပ်မြေဆိုတာနဲ့ သူ့ရင်ထဲတဒိန်းဒိန်းလှုပ်ရှားလာပြီး ဇောချွေးပျံလာတယ်။
"မသွားဘူး။ မသွားရဘူး။ "
ရိပေါ်ကတော့ သူ့ကိုပြုံးပြီးကြည့်နေတယ်။
"မသွားဘူးလို့ပြော"
သူဘာပြောပြော ရိပေါ်ကပြုံးပဲပြုံးနေတာကြောင့် ရှောင်းကျန့်လန့်ပြီးအော်မိတယ်။
"မသွားရဘူး။ မသွားဘူးလို့ပြော။"
"ရှောင်း.."
လက်မောင်းကို အတင်းလှုပ်နှိုးမှုကြောင့် ရှောင်းကျန့်နိုးလာတယ်။ ရှောင်းကျန့်ကဇောချွေးတွေလည်းပျံပြီး တုန်ယင်နေတာကြောင့် ရိပေါ်ချွေးတွေကို သုတ်ပေးလိုက်တယ်။
"ရှောင်း...ကိုယ်တောင်းပန်ပါတယ်။ နောက်ဆိုပြသနာ မဖြစ်တော့ပါဘူး။ ကိုယ်ကပဲအလျှော့ပေးပါမယ်။ "