ကပွဲအတွက်အစောကြီးထပြီး မိတ်ကပ်ဆရာတွေနဲ့ပြင်ဆင်ကြရတယ်။ အဲ့လောက်ကြီး ကြီးကျယ်မယ်လို့ရိပေါ်မထင်ဘူး။ ဆရာမကအကူညီတောင်းလို့သာပါဝင်ဖြစ်တာ။ အခုက တစ်ကျောင်းလုံးရှေ့မှာတင်မကပဲ တစ်ရပ်ကွက်လုံးရဲ့ရှေ့မှာဆိုတော့ နည်းနည်းတော့ စိတ်လှုပ်ရှားမိတယ်။
ရှောင်းကျန့်ဇာတ်ရုပ်က ပွဲစကတည်းကပါရတာမို့ ရှောင်းကျန့်ကိုပြင်ဆင်ပေးပြီး တစ်နေရာမှာထိုင်ထားတယ်။ အသီးသီးပြင်ပြီးနောက်တော့ ရှောင်းကျန့်ရိပေါ်ကိုငေးမောနေမိတယ်။ ရိပေါ်ကမင်းသားဝတ်စုံကို အပြည့်အဝဝတ်ဆင်ပြီး မိတ်ကပ်ပါပြင်ထားတယ်။ ဆံပင်တွေအကုန်လှန်တင်ထားတော့ ချောမောမှုက ပေါ်လွင်နေတယ်။ မိန်းကလေးတွေဝိုင်းငေးနေတဲ့ ရိပေါ်ကိုကြည့်ပြီး ရှောင်းကျန့်ငိုချင်သလိုလိုဖြစ်လာတယ်။ ပြီးတော့ အရမ်းချောနေတဲ့ရိပေါ်အရှေ့မှာသူ့ပုံစံက..
ရင်ဘက်ကတင်းကြပ်နေအောင် စည်းထားတဲ့အင်္ကျီလက်ဖောင်းကြီးနဲ့ မရမ်းဆီရောင်ဂါဝန်ဖောင်းဖောင်းကြီး၊ ပုခုံးလောက်ရှိတဲ့ဆံပင်ကောက်ကြီးကို စွတ်ထားရပြီး ပါးမှာ အစက်အပျောက်တွေပါထည့်ထားရတယ်။ မျက်တောင်တုကြီးကတော့ မနေနိုင်လို့မထည့်တော့ဘူး။ ပင်ကိုယ်နှုတ်ခမ်းထက်ပိုထူသယောင် နှုတ်ခမ်းနီကိုဆိုးထားတော့ သူ့မှာဘဲနှုတ်သီးလိုဖြစ်နေရတယ်။
သို့ပေမယ့် ရိပေါ်ကရှောင်းကျန့်ကိုမြင်သွားတဲ့အခါမှာ ပြန်ငေးနေတယ်။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ငေးနေကြတယ်။ ရှောင်းကျန့်ကတော့ ရှက်လို့ခေါင်းငုံ့ချလိုက်တယ်။ ပြီးတော့အခုမင်းသားလေးက စင်ဒရဲလားအပိုင်လို့တွေးမိရင် ကြပ်နေတဲ့အင်္ကျီကပိုကြပ်သလိုခံစားရတယ်။
ကပွဲက သူတို့ရပ်ကွက်ရဲ့ဘောလုံးကွင်းမှာ ကျင်းပတာဖြစ်တယ်။ ပရိတ်သတ်တွေအားပေးကြမ်းချက်ကတော့ ကွင်းကြီးတစ်ခုလုံးအုတ်အော်သောင်းနင်းကိုဖြစ်နေတော့တာ။ rehearsal နေ့တုန်းကလို တော့သူမကြမ်းတော့ဘူး။ ရိပေါ်ကသူနဲ့အရင်ကပြီးပြီပဲ။ နှုတ်ခမ်းထော်ထော်နဲ့ အစွာလေးရှောင်းကျန့်ကို သဘောကျသူတွေရှိသလို သဘောမကျတဲ့သူတွေရှိတယ်။ စင်ဒရဲလား နတ်သမီးနဲ့တွေ့ပြီးချိန်မှာတော့ အဝတ်လဲလိုက်ရာမှာ လူတွေရဲ့အားပေးမှုကိုပိုရသွားတယ်။