ရှောင်းကျန့်ခန္တာကိုယ်ပေါ် နေရောင်ခြည်ကဖြာကျနေတာတောင် ပင်ပန်းလွန်းလို့လားမသိ ရှောင်းကျန့်မနိုးသေးဘူး။ ရိပေါ်ကအရင်နိုးလာပြီး သူ့မျက်နှာပေါ်ကနေရောင်ကို ခေါင်းအုံးသေးသေးလေးနဲ့ကာပေးထားလိုက်တယ်။ ဗလာကျင်းနေတဲ့ခန္တာကိုယ်ကိုတော့ မအုပ်ပေးဘူး။ နေရောင်အောက်မှာလှနေလို့။
"အင်း...ဟင်း..."
နိုးသွားမှာစိုးလို့မထိပဲကြည့်နေရင်းမှ ရှောင်းကျန့်ကတလှုပ်လှုပ်နိုးလာတော့ ရိပေါ်တင်းတင်းလေးဖက်ထားလိုက်တယ်။
"အား...ငါ့ခါးတွေ ကျိုးပြီထင်တယ်။ ကျွတ်ကျွတ်.."
"Sorry bae ကိုယ်ညကများသွားတယ်။"
ရှောင်းကျန့်ကဖြင့်နာလို့ရှုံ့မဲ့နေတာကို သူကဟန်ပါပါနဲ့ စတိုင်အပြည့်လုပ်နေတော့ ရှောင်းကျန့်မကျေနပ်ဖြစ်သွားတယ်။
"လုပ်တဲ့လူကတော့ ဘယ်ကိုယ်ချင်းစာတတ်မလဲ။"
"ဟာ...bae ကလည်းကွာ။ ဘာဖြစ်တာလဲ။"
"ဒီမှာဒီလောက်နာနေတာကိုဟန်လုပ် ပြောနိုင်သေးတယ်။"
"မဟုတ်ပါဘူး။ အဲ့တာကိုယ့်စတိုင်ပဲကို..."
ရှောင်းကျန့်မျက်လုံး တွေမှိတ်လိုက်ပြီးစောင်ကိုဆွဲခြုံလိုက်တယ်။
"အခုချိန်မှာ ရိပေါ်ဘယ်လိုပုံစံလုပ်လုပ် ငါခေါင်းထဲရောက်မှာမဟုတ်ဘူး။ ငါနာနေတာပဲသိတယ်။"
"ဆေးလိမ်းပေးဖို့စောင့်နေတာ..."
"ဘာ...ဘာကိုလဲ။ မလိုဘူး။.."
"First time ကိုမလိုလို့ရမလား။"
"ငါ့ဘာသာလုပ်မယ်။"
ရှောင်းကျန့်ကစောင်လေးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်းပြောတယ်။
"ဆေးသေချာမလိမ်းရင် နောက်ဆို အဲ့နားက ဒါဏ်ဖြစ်လိမ့်မယ်။ စစချင်းကိုမှ သေချာကျက်အောင်မလုပ်ထားရင် နောက်မကျက်တော့ဘူး။"
ရိပေါ်ပေါက်ကရတွေပြောနေတာလား။ တစ်ကယ်လို့သူပြောတာအမှန်ဆိုရင်ရော ဆိုတဲ့အတွေးနဲ့ ရှောင်းကျန့် ဇဝေဇဝါဖြစ်နေတယ်။ ရိပေါ်ကတော့သူ့ကိုကြည့်နေရင်း ဘာမှမတုန့်ပြန်တော့တာကြောင့် စောင်လေးကိုအသာမလိုက်တယ်။