ဝမ်မားက နှစ်ယောက်လုံးကိုဆေးထည့်ပေးတယ်။ပြီးတော့ ထိန်းမနိုင်ပဲငိုနေမိတယ်။ ဝမ်ပါးကအပေါ်ယံမှာ သိပ်ပြီး အလိုလိုက်တယ်လို့ထင်ရပေမယ့် နောက်ကွယ်မှာအပေးယူတစ်ခုကရှိတယ်။ သားအမိနှစ်ယောက်လုံးကို လိုလေသေးမရှိထားပေးထားပေမယ့် သူ့စည်းကမ်းတွေအတိုင်းနေရတယ်။ သူမသွားခိုင်းတဲ့နေရာမသွားရဘူး။ သူနေဆိုတဲ့နေရာမှာနေရတယ်။ အခုရိပေါ် ရှောင်းကျန့်ကို ယူဖို့တောင်းဆိုတဲ့အခါ ဝမ်ပါးအတွက် အပေးယူကြီးတစ်ခုလုပ်ဖို့ ဟန်ကျသွားတယ်။ သူ့အမွေကိုဆက်ခံဖို့။
သူ့အလုပ်က ဒုစရိုက်မဟုတ်ပေမယ့်လည်း ရန်သူများပြီး အန္တရာယ်များလို့ ဝမ်မားကသားကို မလုပ်ခိုင်းဘူး။ ဝမ်ပါးလည်း အတင်းကျပ် မလုပ်ခိုင်းဘူး။ ဒါပေမယ့် အခုကြတော့သူ့ဂွင်ထဲ ဝင်လာပြီ။ တစ်နေ့ဒါမျိုးဖြစ်မယ်ဆိုတာ ကြိုသိနေလို့လည်း အေးဆေးစိတ်မပါသလိုနေနေတာဖြစ်ပေမယ့် တစ်ကယ်တမ်းကတော့ သားကိုသူ့နေရာ အမွေဆက်ခံဖို့ တစ်အားကိုစိတ်အားထက်သန်နေတာဖြစ်တယ်။
၃နှစ်တောင် အဆက်သွယ်ဖြတ်ပြီးနေရမှာမို့ ဝမ်မားစိတ်ဆိုးဝမ်းနည်းနေတယ်။ သူ့အဖေကိုလည်း စကားမပြောဘူး။
ရိပေါ်ကဒါဏ်ရာ နည်းနည်းများလို့ ရှောင်းကျန့်က သူလိုချင်တာ စားချင်တာလေးတွေဆင်းယူပေးရတယ်။
"ရှောင်း နေပါစေတော့ မင်းလည်းအရမ်းလန့်သွားမှာပဲ။"
"ငါ့ကို ပြုစုခွင့်ပေးပါ။ မင်းလုပ်ပေးသမျှပဲငါအဆင်သင့်စားသောက်နေတာ။"
ရိပေါ်ကထလာပြီး သူ့ပါးကိုရွှတ်ကနဲနမ်းလိုက်တယ်။
"လုပ်ပြန်ပြီ မပြောမဆိုနဲ့။"
"ဘာလဲရင်ခုန်သွားလို့လား။"
"အရူး။ "
ရှောင်းကျန့် အခန်းထဲကပြေးထွက်လာတယ်။ သူ့မျက်နှာမှာလည်း ရှက်ပြုံးလေးသန်းနေတယ်။ သူအောက်ကိုဆင်းလာပြီး ရေခဲသေတ္တာကိုဖွင့်မယ်အလုပ် မားတို့အခန်းထဲက အခြေတင်စကားများတဲ့အသံကိုကြားရတယ်။ ခိုးနားထောင်ဖို့အစီစဉ်မရှိပေမယ့် ရိပေါ်ကြောင့်ဆိုတာသေချာလို့ နားထောင်လိုက်မိတယ်။