နောက်တစ်နေ့မနက်ကြတော့ အဝတ်စားသွားဝယ်ဖို့ ရှောင်းကျန့်နဲ့ပြင်ဆင်တယ်။ ရိပေါ်အင်္ကျီက သူ့အတွက်နဲနဲတော့ပွနေပြီး လုံလုံခြုံခြုံနဲ့ ကြည့်ကောင်းတယ်။ ထုံးစံအတိုင်း ဒေးဗစ်က ကားမောင်းပို့ရတယ်။ ဒေးဗစ်ပြောချင်တယ်။ ငါ့ကို ကျန်တဲ့အလုပ်တွေအကုန်ခိုင်းပါ။ အိမ်သာပဲဆေးရမလား။ သူတို့နှစ်ယောက်ကိုတော့ လိုက်မပို့ချင်ဘူး။
ပိုက်ဆံအိတ်ကြီး ဂျိုင်းချားညှက်ပြီး အဝတ်လိုက်ဝယ်ပေးမယ့် ပုံစံက sugar daddy ကြီးလိုလို။ ရိုးရိုး T shirt လက်တိုအမဲလေးကိုဝတ်ထားတော့ ဖြူတဲ့အသားရည်နဲ့ ကြီးတဲ့ဗလကြီးက ထင်းနေရော။ လက်မှာပတ်ထားတဲ့ rolex နာရီရဲ့တောက်ပမှုကြီးက ယောက်ျားတစ်ယောက်ခန့်ညားမှုကို ပိုပြီးပံ့ပိုးပေးနေတယ်။ ရှောင်းကျန့်သူနဲ့ ဈေးဝယ်ထွက်ရတာဆိုတော့ ခံစားချက်ကောင်းနေတယ်။ ဒါပေမယ့် ရိပေါ်ကတော့ ခပ်တည်တည်ပဲ စကားမပြောပြန်ဘူး။ ဘယ်တော့မှ အရင်လို ပြန်ဖြစ်မလဲ။ စိတ်ရှည်ရှည်တော့ စောင့်မှာပါ။
ကားရပ်လိုက်တဲ့နေရာက အဝတ်စားသီးသန့်ရောင်းတဲ့ ဆိုင်တစ်ခုဖြစ်ပြီး ရိပေါ်နဲ့ဒေးဗစ်ဝင်လာတာနဲ့
"ကောကောတို့ ထပ်ပြီးဘာလိုချင်လို့လဲ။ အရင်တစ်ခေါက်ဝယ်သွားတာတွေအဆင်ပြေရဲ့လား။"
ဝန်ထမ်းလေးတွေကချောချောလှလှလေးတွေ ၊ ရိပေါ်နဲ့ ဒေးဗစ်ကလည်း သွား ၃၂ ချောင်းပေါ်အောင်ဖြဲနေကြတာဆိုတော့ ဒါပထမဆုံးအကြိမ်လာတာမဟုတ်ဘူးဆိုတာသေချာတယ်။ ရှောင်းကျန့်နဲ့ ကြတော့အပြုံးတစ်ခါခြွေဖို့ တော်တော်လေးနေပြီး ဒီမိန်းကလေးတွေနဲ့ကြတော့ ပြုံးနေတာက.....
ရှောင်းကျန့် ဘာအဝတ်စားမှလည်း ဝယ်ချင်စိတ်မရှိတော့ဘူး။
"ကောကော ဘာလိုလို့လဲ။"
"ကျွန်တော့် အတွက်မဟုတ်ပါဘူး။ သူနဲ့အဆင်ပြေမယ့် အိမ်နေရင်းက အစပွဲတတ်ဝတ်စုံထိ ပြပေး။"
"အော်...ကောရဲ့ညီလေးအတွက်လား။ မနေ့က မှအသစ်ရောက်တာတွေ ထုတ်ပြမယ်နော်။"
အမျိုးသမီးလေးက အဝတ်တွေထုတ်လာပြီး
"စမ်းဝတ်ကြည့် ပါဦး။"