Part-5

735 120 11
                                    

ကျောင်းကပြန်လာတော့ ဝမ်မားက နှစ်ယောက်လုံးကို ကြိုဆိုနေတယ်။ သူ့ဖြစ်သူက ရှောင်းကျန့်ကိုသည်းသည်းလှုပ်နေလို့ သူရှောင်းကျန့်ကို မုန်းတာ‌မျိုးမဖြစ်ဘူး။ ဘာလို့ဆိုတော့ရှောင်းကျန့်က လိမ္မာတယ်။ မကြာခန စားကောင်းတာတွေချက်ကျွေးတယ်။

"သားတို့ပြန်လာပြီလား။ ခနနားပြီးလို့ ရေချိုးပြီးရင် ထမင်းလာစားနော်။"

"ဟုတ်မား။"

နှစ်ယောက်လုံးကတော့ အပေါ်တတ်သွားတယ်။ ရှောင်းကျန့်ကရေသောက်ပြီး အဝတ်စားတွေချွတ်နေတယ်။

"ရှောင်း မနားတော့ဘူးလား။"

"ငါဗိုက်တော်တော်ဆာနေပြီ။"

"ဒါဆို ကိုယ်လည်းတစ်ခါတည်းချိုးလိုက်မယ်။ "

ရှောင်းကျန့်ဘာမှ မပြောဘူး။ ရိပေါ်နဲ့ အင်္ကျီအတူခွတ်ရတာလည်း မရှက်ပါဘူး။ သူတို့ကယောက်ျားအချင်းချင်းပဲလေ။ ဒီလိုပဲ ကျောင်းနောက်ကျရင်လည်း အတူတူရေချိုးလိုက်ကြတာပဲ။ ရိပေါ်လည်းအဲ့လိုပါပဲ။ ဒါပေမယ့် မနေ့ညက မကြည့်မိသင့်တာတစ်ခုကို ရိပေါ်ကြည့်မိသွားတယ်။ အဲ့အချိန်ကစပြီး ရှောင်းကျန့်ခန္တာကိုယ်ကိုမြင်တိုင်း မယိုးမရွဖြစ်လာတာပဲ။

ရှောင်းကျန့်ကတော့ ဗိုက်ဆာလို့ရေကိုသာမြန်မြန်ချိုးနေတယ်။ ရေဗန်းအောက်မှာ နှစ်ယောက်သားဘောင်းဘီတိုလေးတွေနဲ့ရေချိုးရင်း ရုတ်တရက်ရိပေါ်က ရှောင်းကျန့်ကိုနောက်ကဖက်ထားလိုက်တယ်။ ရိုးနေပြီဖြစ်တဲ့ရှောင်းကျန့်က ရိပေါ်ကိုတွန်းထုတ်လိုက်တယ်။

"ဖယ်စမ်းပါ။ ဗိုက်ဆာနေပါတယ်ဆို။"

"ကိုယ်ဆပ်ပြာတိုက်ရမှာပျင်းလို့ မင်းကိုယ်ကကျတဲ့ ဆပ်ပြာရေနဲ့တစ်ခါးတည်းတိုက်ပြီးသားဖြစ်အောင်။"

"မင်းပျင်းတာ ငါ့ထက်ဆိုးနေပါလား။"

ရှောင်းကျန့်လည်း သူ့ဖက်လှည့်ပြီး ရိပေါ်ခန္တာကိုယ်အနှံ့ကို တဖက်ဖက်နဲ့ဆပ်ပြာတွေပွတ်ပေးလိုက်တယ်။ ရိပေါ်လည်းရှောင်းကျန့်ကို မဖက်ရပဲ လုပ်သမျှရပ်ကြည့်နေရတယ်။ ပြီးတော့ရေဗန်းကိုအားကုန်ဖွင့်ချပြီး မြန်မြန်လေးချိုးလိုက်တယ်။

Blurred 2 ( Completed )Where stories live. Discover now