"ရှောင်းကိုပိုင်ချင်တယ်။"
အတင်းကြီးဝင်လုံးလာတဲ့ရိပေါ်ကြောင့် ရှောင်းကျန့် လန့်ဖြန့်ပြီးတွန်းထုတ်လိုက်တယ်။
"ဘာဖြစ်လို့လဲ။ ကိုယ့်ကိုပိုင်ဆိုင်ခွင့်ပေးမယ်မဟုတ်လား။"
ရိပေါ်ရဲ့အသံက အသက်ရှုနှုန်းမြန်ဆန်မှုကိုထိန်းပြီးပြောနေရတာဖြစ်တယ်။ သူ့ရှေ့ဆက်မယ့် ခရီးကိုမြင်သွားတဲ့ရှောင်းကျန့်က သူ့ကိုယ်သူခေါင်းအုံးနဲ့ကာပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့်
"ငါ ငါပြောချင်တာက ငါတို့ weibo မှာစုံတွဲပုံတင်မယ်။ relationship ချိတ်မယ်။ လူတိုင်းသိအောင်ကြေငြာမယ်။ ငါကမင်းအပိုင် ၊ မင်းကငါ့အပိုင်...ငါ ငါပြောချင်တာအဲ့လို..."
"ရှောင်း...ဒါ ဒါပေမယ့် မင်းမျက်လုံးတွေကအရမ်းထူးဆန်းတယ်။ အဲ့ အဲ့ဒါကြောင့်အထင်လွဲသွားတာ။"
ရိပေါ်ရှက်ကိုးရှက်ကန်းနဲ့ ထစ်ထစ်ငေါ့ငေါ့ပြန်ပြောတယ်။
"ငါ့မျက်လုံးကဘာဖြစ်လိုလဲ။"
"မင်းငါ့ကိုကြည့်တဲ့မျက်လုံးလေ။ ကိုယ့်ကိုကိုယ်တောင်မသိဘူးလား။ တစ်ခြားကောင်တွေကို အဲ့လိုသွားမကြည့်နဲ့ တစ်ခါတည်းအလုပ်ခံရမယ်။"
ရိပေါ်က ဟန်ပါပါပြောပြီး အရှက်ပြေလွယ်အိတ်ထဲကရေဘူးကို မေ့သောက်လိုက်တယ်။
"ငါ ငါမင်းကိုကြည့်ကောင်းလို့ ကြည့်မိသွားတာပဲရှိတာပါ။"
အဲ့တော့မှ ရိပေါ်မသိမသာခိုးပြုံးလိုက်ပြီး။
"ပုံရိုက်ကြမလား။"
"အင်း..."
________
နောက်တစ်နေ့ ကျောင်းသွားတော့ သူတို့ကို ကျောင်းသားတွေကစောင့်ကြည့်နေကြတယ်။
"တစ်ကယ်ကြီး လက်တွဲလာတာပဲ။"
"ရိပေါ်ကောကဘယ်လိုလုပ်ပြီး....စိတ်ကစားတာဖြစ်မှာပါ။ မိဘတွေကလည်းလွှတ်ထားတာပဲလား။"
"အေးလေ။ သဘောကျတယ်ဆိုလည်း အတိုင်းတာတစ်ခုထိစောင့်ကြည့်ဦးပေါ့။ ခုဟာက ချက်ချင်းပေးစားလိုက်တယ်ဆိုတော့။"
"ကျောင်းစတတ်ပြီး နောက်လမှာပဲ လက်ထပ်လိုက်တယ်ကြားတယ်။"
"အင်းလေ အဲ့လောက်အချိန်တိုလေးနဲ့ ဘဝတစ်ခုလုံးဘယ်လိုရွေးချယ်မှုလုပ်လဲ။"