ပတ်ဝန်းကျင်က မှောင်မဲစိုစွတ်ပြီးအေးစိမ့်စိမ့်အခြေနေမှာရှောင်းကျန့်နိုးလာတယ်။ ပြီးတော့ရှိုက်သံတစ်ချို့ သူထကြည့်တော့ အိမ်မှာဟုတ်မနေဘူး။ ဘယ်လို လုပ်ဒီနေရာကိုရောက်လာမှန်း အတွေးမပေါ်ဘူး။
"ဟင့်...ဟင့်...ဟင့်..."
ရှောင်းကျန့်ထကြည့်တော့ အိမ်ရှေ့မှာလူသုံးယောက်။ အမျိူးသမီးနှစ်ယောက်နဲ့ အမျိုးသားတစ်ယောက်။ အမျိုးသမီးနှစ်ယောက်က ငိုနေပြီး အမျိုးသားက စိတ်တိုနေတယ်။
"ခင်ဗျားတို့ဘယ်သူတွေလဲ။"
"ငါတို့ကိုကယ်ပါ။ "
"ဘယ် ဘယ်လိုကယ်ရမှာလဲ။ ဘာလို့ကယ်ရမှာလဲ။"
"ငါတို့ကျွတ်ချင်ပြီ။ အရင်လို ငါတို့မိသားစုတွေလည်း အမျှတန်းလာမဝေကြတော့ဘူး။ သူတို့မလာတာ နှစ်ချီနေပြီ။ ငါနောင်တရတယ်။ အခုငါ ဒီဘဝနဲ့နေရတာ ငြီးငွေ့နေပြီ။ နင်က ငါဆက်သွယ်လို့ရတဲ့တစ်ယောက်သောသူပဲ။"
ငိုနေတဲ့ အမျိုးသမီးကို ရှောင်းကျန့်သေချာကြည့်နေရင်း
"မမ လင်း..."
အမျိုးသမီးရဲ့ မျက်ဝန်းတွေလက်သွားပြီးနောက် ပါလာတဲ့ယောက်ျားကြီးက သူတို့ကိုဆွဲခေါ်သွားတယ်။
"ဟင့်အင်း။ ရှင်နဲ့ မလိုက်တော့ဘူး။ ရှင်နဲ့မနေချင်ဘူး။ ကယ်ပါ။ ငါတို့ဆီဘယ်သူမှလည်းမလာကြတော့ဘူး။ ငါအစားမစားရတာလည်း အရမ်းကိုကြာနေပြီ။"
"မမ လင်း.."
လူ့ဘဝတုန်းက ရော ခုထိပါ ဒီလူရဲ့လွှမ်းမိုးမှုကို မမလင်းကခံနေရတာပဲ။ ရှောင်းကျန့် သတိလက်လွတ်ကြိမ်ဆဲမိပြီးမှ
"ငါ ငါကဘာလို့ဒါတွေသိနေတာလဲ။"
တစ်ဆက်တည်း ခေါင်းထဲဝင်လာတာက
"ရိပေါ်...."
တစ်အိမ်လုံးနှံ့နေအောင်လိုက်ရှာလည်း ရိပေါ်ကိုမတွေ့
"ရိပေါ် မင်းဘယ်မှာလဲ။"
အိမ်ပြင်ပြန်ထွက်ပြီး ကားထဲကိုကြည့်လိုက်မိတော့
"အမေ့..."
သွေးတွေနဲ့ ရိပေါ်ကို ခြောက်ခြားစွာမြင်လိုက်ရပြီး အထိတ်တလန့်အော်ဟစ်မိသွားတယ်။