အိမ်ပြန်လမ်းမှာ ရိပေါ်က ရှောင်းကျန့်လက်ကိုတင်းတင်းဆွဲပြီး အမေဖြစ်သူကို ကျေးဇူးတင်စကားတွေပြောနေတဲ့ပုံက မသိရင်သူလိုချင်တဲ့ အရုပ်လေးကိုသူ့အမေကဝယ်ပေးလိုက်သလိုမျိုးပဲ။ ရှောင်းကျန့်သဘောအရ လူကြီးစုံရာမှာပဲ လက်မှတ်ထိုးပြီးအိမ်ခေါ်လာတယ်။ ကျောင်းတတ်နေတဲ့အရွယ်မို့ လူသိဖို့အဆင်မပြေဘူး။ ရိပေါ်ကဖြစ်နေလွန်းလို့သာ အိမ်ခေါ်လာပေးရတာ။
"ရှောင်း ဒါကမီးဖိုခန်း ၊ ဒါကတော့ဂိမ်းအခန်း ၊ ဒါကတော့ ကိုယ့်အခန်းလေ။"
ရှောင်းကျန့်လက်ကိုဆွဲပြီး တစ်ခန်းပြီးတစ်ခန်းလိုက်ပြနေတဲ့ ရိပေါ်ကိုကြည့်ပြီး ဝမ်မားသက်ပြင်းချလိုက်တယ်။ သူ့သားက သူငယ်ချင်းလည်းမထားဘူးတော့ ရှောင်းကျန့်ကိုအရမ်းခင်တွယ်မိနေတာဖြစ်မှာ။ ဘယ်လိုကြည့်ကြည့် ညီလေးတစ်ယောက်ရလို့ပျော်နေတဲ့ပုံပဲမြင်တယ်။ မွေးစားဖို့တောင်းပေးမယ်ဆိုတော့လည်း မဟုတ်ပြန်ဘူး။ လင်ထပ်ချင်တာတဲ့။ လက်ထပ်ရအောင် ချစ်ကြိုက်နေတာမျိုးလည်းမရှိ။ တဇွတ်ထိုးလုပ်တဲ့သားနဲ့ အလိုလိုက်လွန်းတဲ့အဖေကြောင့် ဝမ်မားစိတ်ညစ်ရတယ်။
ရိပေါ် သူ့စိတ်ကိုသူကောင်းကောင်းမသိပဲ လုပ်နေတာလို့မြင်တယ်။ ရှောင်းကျန့်သဘောတူထားတဲ့အတိုင်း လူသိရှင်ကြားမလုပ်တာပိုကောင်းတယ်လို့ထင်တယ်။ သူတို့စိတ်တွေပြောင်းလဲသွားတဲ့အခါ အဖုအထုံးမဖြစ်ဘူးပေါ့။
"ရှောင်း ဘာမုန့်စားမလဲ။ ကိုယ်သွားဝယ်ပေးမယ်။"
"ဟင့်အင်း...ငါကနေ့ခင်းနေ့လယ်လောက်မှ အာလူးကြော်တို့အအေးတို့ snap လေးတွေပဲစားတာ။ ဒီမနက်ပိုင်းက စာလုပ်ဦးမယ်။"
သူတို့ လက်မှတ်ထိုးမယ့်ကိစ္စကြောင့် ကျောင်းခွင့်ယူလိုက်တာဖြစ်တယ်။ ရှောင်းကျန့်က သွားရေစာစားတယ်ဆိုတော့ ရိပေါ်က စက်ဘီနဲ့အပြေးလေး ထွက်ဝယ်တယ်။ သူက ဟမ်ဘာကာ၊ ဆင်းဝစ် အားဖြည့်ချိုရည် အဲ့တာတွေပဲစားတတ်တော့ ရှောင်းကျန့်စားတဲ့ဟာအိမ်မှာမရှိဘူး။ ဝမ်မားကတော့တစ်ခါတစ်လေ သွားရေစာ စားတတ်တယ်။
ခနနေတော့ ရိပေါ်မုန့်ဝယ်ပြီးပြန်လာတယ်။
"ဟယ်။ သားရိပေါ် ဘာတွေဝယ်လာတာလဲ။ မုန့်တွေပါလား။"