လေယာဉ်ပေါ်မတတ်ခင်ချိန်ထိ ရိပေါ်ကရှောင်းကျန့်ကို ဖက်ပြီးအကြာကြီးမက်ရပ်ရပ်နေတယ်။ ရှောင်းကျန့်ကနေကာမျက်မှန်ဝတ်ထားတော့ မျက်ရည်ဝဲတာ လူမမြင်တော့ဘူး။ ဒါပေမယ့်ရိပေါ်သိတယ်။ သူလည်းဝမ်းနည်းပေမယ့် ရှောင်းကျန့်စိတ်မကောင်းဖြစ်မှာစိုးလို့ ပုခုံးကိုဖက်ပြီးတော့သာ စိတ်ပြောင်းအောင် ဟိုပြောဒီပြောလုပ်နေတယ်။ ဝမ်မားကတော့ ကျလာတဲ့မျက်ရည်တွေကို ခနခနသုတ်နေရတယ်။
"မိန်းမ ငိုမနေနဲ့နေ ကိုယ်နဲ့သားက ခရီးသွားမှာကို။"
ဝမ်ပါးသတိပေးတော့ဝမ်မားလည်း မငိုမိအောင်ထိန်းလိုက်တယ်။
"မား...ဘယ်လိုဖြစ်နေတာလဲ။ ကျွန်တော်ပြန်လာမှပဲကို။ "
ရိပေါ်ကသူ့အမေရဲ့ ပါးကိုတစ်ချက်နမ်းလိုက်တယ်။ ပြီးတော့ရှောင်းကျန့်ကိုပါနမ်းလိုက်တယ်။ ဝမ်ပါးကတော့ မျက်နှာလွှဲသွားတယ်။ သူ့သားက သူနဲ့သိပ်တူတယ်။ ဒီပုံတိုင်းဆို နောက်ဆယ်နှစ်တောင် ရှောင်းကျန့်တစ်ယောက်တည်းကိုပဲစွဲလမ်းနေဦးမှာ။ ဘာဖြစ်ဖြစ်ကံတရားပဲလို့တွေးလိုက်တယ်။ ဝမ်ပါးက ဝမ်မားကိုဖက်လိုက်တယ်။ ပြီးတော့ နှစ်ကိုယ်ကြားလေသံနဲ့
"သားကိုကြ မင်းနဲ့ခွဲခိုင်းပြီး ကိုယ်ကခိုးတွေ့နေရင်မတရားဘူးလေနော်။ ကိုယ်တို့လည်း ခနခွဲနေကြမယ်။"
"ရှင့်ကို ဂရုစိုက်မနေဘူး။"
ဝမ်ပါးခပ်ယဲ့ယဲ့လေးပြုံးလိုက်တယ်။
"သွားခါနီးအဲ့လိုမပြောပါနဲ့။ သားရဲ့ အသဲကြော်လေးကိုဂရုစိုက်လိုက်ဦး။ တစ်ခုခုဖြစ်ရင် ကိုယ်မဖြေရှင်းနိုင်ဘူး။"
ဝမ်ပါးကရှောင်းကျန့်ကိုကြည့်ပြီး သူ့မိန်းမကိုပြောလိုက်တယ်။ ရှောင်းကျန့်က ဝမ်ပါးသူ့ကိုကြည့်နေလို့မျက်လွာချသွားတယ်။ ဘာတွေပြောလည်းတော့သူမကြားဘူး။
_________
ဒီညတော့ အခန်းထဲမှာရှောင်းကျန့်တစ်ယောက်တည်း။ လေဆိပ်မှာ ပါးနဲ့မား ဘာတွေပြောနေတာလဲ။ သူ့ကိုလည်းကြည့်နေကြတယ်။ မားကိုများသူ့ကို ပထုတ်ဖို့ ဖိအားပေးနေတာလား။ မားမျက်နှာလည်းတော်တော်မကောင်းဘူး။