"ဟိုဖက်လှည့်"
"ဘာ ဘာလို့လှည့်ရမှာလဲ။"
ရိပေါ်ကရှောင်းကျန့်ကို တစ်ဖက်လှည့်ပြီးနံရံမှာ ဆွဲဖိတော့ ရှောင်းကျန့်အကြောက်ကန်ငြင်းတယ်။ ရုံးခန်းတံခါးက မှန်ကြီးနဲ့ကာထားတာလေ။ ရိပေါ်ရူးသွားပြီလား။
"ရိပေါ် စတာရပ်တော့ သူများတွေမြင်ရင် မကောင်းဘူး။"
"ဘာဖြစ်လဲ။ သူကြတော့ တောင်းဆိုတာပဲမဟုတ်လား။"
"အဲ့တာက အိမ်မှာလေ..."
ရိပေါ် သူ့ကို ပြုံးစစလေးနဲ့ ကြည့်နေတော့
"စိတ်မဆိုးတော့ဘူးလား။"
"ကိုယ်အရှုံးပေးပါတယ်။ ရှောင်းမတတ် ချင်တဲ့ကျောင်းကိုလည်း မပို့တော့ပါဘူး။ အိမ်မက်ထဲက လူကိုလည်း ကြိုက်သလို လွမ်းပါ။"
"ဟွန်း အဲ့တာရိပေါ်ပဲလေ။ ကိုယ်ချင်း ကိုယ်ချင်း ပြန်သဝန်တိုနေတယ်။"
ရှောင်းကျန့်က အကဲပိုပြီး ရိပေါ်ကိုဖက်ကာချွဲလိုက်တော့ ရိပေါ်ရဲ့သွားတွေအကုန်ပေါ်အောင်ပြုံးလာတယ်။
"Boss အဆင်သင့်ဖြစ်ပြီ။"
ထိုအခါရှောင်းကျန့်က ခေါင်းလေးမော့လာပြီး
"ဘာလုပ်မလို့လဲ။"
"ကားသွားမောင်းမလို့လေ။"
"ပြိုင်ကားတွေမောင်းနေတာလား။ အန္တရာယ်များတယ်နော်။"
"ကိုယ်ကဟိုမှာတည်းက လေ့ကျင့်ထားတာ။ ကျွမ်းနေပြီ။"
ရိပေါ်က ပေါ့ပေါ့ပါးပါးပဲပြောလိုက်ပေမယ့် ရှောင်းကျန့် စိတ်ပူသွားသလို ဒေါသလည်းထွက်သွားတယ်။
"မင်းမှာ အသက် ၂ သက်နော်..."
အလိုမကျ ဆူပူပြောလာပြီး ကားမောင်းတာကို သဘောမကျဘူးဆိုတာ ကိုဖေါ်ပြနေပြန်တယ်။
"ရွှတ်..."
"စိတ်မပူနဲ့ ဆိုကွာ..."
ရိပေါ်ကသူ့ကိုချုပ်ပြီး ခေါ်သွားတယ်တော့ တားလို့မရတဲ့သဘော။ ဒီအထိက ရှောင်းကျန့်စိတ်လျှော့လိုက်တယ်။ ပြသနာက ပြေးလမ်းမှာ ကားမောင်းမယ့် လူတွေကိုစောင့်ကြည့်နေတဲ့ အမျိုးသမီးတွေ ရှိနေတာပဲ။ ရိပေါ်ကသူမောင်းဖို့ကားကို သေချာလေးစစ် ဆေးနေတာမို့ ရှောင်းကျန့်က ပွဲကြည့်စင်မှာကျန်နေခဲ့တယ်။ ဒါနဲ့ပဲ မနေနိုင်မထိုင်နိုင်ဖြစ်ပြီး ဘေးကလူတစ်ယောက်ကိုမေးလိုက်တယ်။