Part-15

709 108 8
                                    

black အဖွဲ့ကကောင်လေးလမ်းပြတဲ့နေရာက တော်တော်လေးကို ဝေးတယ်။ မြို့နဲ့လည်း အရမ်းလှမ်းလာတာမို့ ဒေးဗစ်ကစိုးရိမ်လာတယ်။

"မင်းညာမယ်မကြံနဲ့နော်။ ငါတို့လူတွေက မင်းတို့အိမ်မှာ ဝိုင်းထားတယ်။"

"မညာပါဘူး။ ဆရာတို့ကတိအတိုင်း ပွဲကိုတော့ပျက်အောင်မလုပ်လိုက်ပါနဲ့။ပြီးတော့မှ ဆရာတို့မကျေနပ်တဲ့ သူကိုခေါ်သွားပါ။"

ရိပေါ်ကဘာမှမပြောပဲ အရှေ့ကိုသာကြည့်နေတယ်။ သူကအစွဲကြီးသလို အငြိုးလည်းကြီးတယ်။ ရှောင်းကျန့်လည်ပင်းကို နမ်းသွားတဲ့ ပါးစပ် သွေးထွက်အောင်ရိုက်ရမှ ‌ကျေနပ်မှာ။

"ဒီနေရာပါပဲ ဒီနေရာမှာ စွန့်ပစ်ခံဘိုးဘွား အယောက် တစ်ရာမကရှိပါတယ်။ တစ်လ တစ်လကို အယောက်တစ်ရာထက်မကတဲ့ အလှူငွေတွေရပေမယ့် သူကအဘိုး၊အဘွားတွေကို ထမင်းနပ်မှန်ရုံလောက်ပဲကျွေးပြီး ငွေတွေကို ဘုန်းနေတာ။"

"မင်းတို့ကြောင့် ပျက်စီးသွားရင် အဘိုးကြီးတွေ ထမင်းတောင်နပ်မှန်မှာမဟုတ်တော့ဘူးပေါ့။"

"အလှူရှင်တွေကိုလက်လွှဲပြီး အဖိုးအဖွားတွေကို တာဝန်ယူစောင့်ရှောက်မယ့်လူရှိပါတယ်။"

"ဟား...လက်စသတ်တော့ စားခွက်လုနေတာကိုး..ဒါနဲ့ပြသနာဖြစ်နေပုံပဲ။"

"ဟုတ်ပါတယ်။ ဆရာဒီတိုင်းပဲ ကြည့်နေပေးပါ။"

ရိပေါ်တို့က ခပ်လှမ်းလှမ်းကားပေါ်က နေမှန်ဘီလူးနဲ့ လှမ်းကြည့်နေတယ်။ black j ဆိုသူက ဓားစားခံကိုဖမ်းထားပြီး ခြိမ်းခြောက်နေတယ်။

"မင်းတို့ရန်ပုံငွေတွေ အခုထုတ်ပေး။"

ဓားစားခံလည်ပင်းမှာ ဓားထောက်ထားတာတောင် တာဝန်ရှိသူတစ်ယောက်မှ ရှေ့ထွက်မလာကြဘူး။ ရိပေါ်ကြည့်နေရင်းမျက်လုံးကျယ်ပြီး ကားပေါ်ကဆင်းလိုက်တယ်။

"ဆရာ ငြိမ်နေပေးပါ။ မဟုတ်ရင် မလိုအပ်တဲ့ပြသနာတွေဖြစ်လိမ့်မယ်။"

"ဓားစားခံရှိနေတယ်။"

"ဓားစားခံကို သူဘာမှလုပ်မှာမဟုတ်ဘူး။ "

"ခွပ်..."

"အား.."

"မင်းအပေါက်ပိတ်ထား။ "

Blurred 2 ( Completed )Where stories live. Discover now