ကိုယ့်သဘောနဲ့ တွေးချင်တာတွေးပြီးလုပ်ချင်တာလုပ်သွားသူက ကျောင်းလည်းတစ်ဝက်တစ်ပျက်ဆိုတော့ ကျောင်းပြန်ထားဖို့ရိပေါ်စီစဉ်ရတယ်။ သူကအသက်ကြီးနေတော့ မတတ်ချင်ဘူးငြင်းပေမယ့် သူကအရပ်ရှည်တာပဲရှိတာ။ လူကပိန်ပိန်လေး။
"အိုက်ယား....ငါယောက်ျားယူထားတာ ယောက်ျားလုပ်စာပဲထိုင်စားလို့မရဘူးလား။ ငါဘာမှမလုပ်ချင်ဘူး။ ငါ့ယောက်ျားကိုဟင်းချက်ကျွေးမယ်။အိမ်သန့်ရှင်းရေးလုပ်မယ်လေ။"
"ပညာမတတ်ရင် ရှောင်းကိုအထင်သေးကြမှာပေါ့ ရှောင်းကဝန်ကြီးရဲ့သားဖြစ်ပြီး ကိုယ့်အိမ်ထောင်ဖက်။ "
ရှောင်းကျန့်က ဆူပုတ်ပုတ်နဲ့ လွယ်အိတ်လေးဆွဲပြီးထွက်သွားတော့ ရိပေါ်အနောက်က ပြုံးစိစိလိုက်လာတယ်။ ရိပေါ်ကသူ့အဖေလုပ်ငန်းကို ဂရုမစိုက်ပဲ သူလုပ်ချင်တဲ့ ကား showroom ဖွင့်ဖို့လုပ်တယ်။ ဆိုင်ကယ်နဲ့စကိတ် ဆိုင်ပါတွဲဖွင့်ထားတယ်။ ကားတွေဆိုင်ကယ်တွေကြားမှာ model ငှားစရာမလိုအောင်မိမိုက်နေတဲ့ယောက်ျားကြောင့် ရှောင်းကျန့်စိတ်မအေးရဘူး။ အဲ့တာကြောင့် ကျောင်းမတတ်ချင်တာ။
နောက်တစ်ခုကားအကောင်းစားနဲ့ ကျောင်းကိုလာကြိုတဲ့ ရိပေါ်ကို မိန်းကလေးတွေမထိတထိ မျက်စပစ်စနောက်တတ်ကြတယ်။ ဒါကိုသည်းမခံနိုင်လို့ ရှောင်းကျန့်မျက်နှာက အမြဲစူပုတ်လာတယ်။
ရှောင်းကျန့်တို့ကားကို တမင်စောင့်နေတဲ့ ကျာင်းသူ ရွစိထိုးတွေကို ရှောင်းကျန့်မမြင်ချင်ဟန်ဆောင်ပြီး ကျောင်းထဲဝင်သွားလိုက်တယ်။ ရိပေါ်ကတော့ မရင့်ကျက်တဲ့ သူ့အချစ်လေးကို အပြစ်မမြင်ပဲ ခေါင်းတခါခါနဲ့သာပြုံးနေတယ်။
"ရှောင်းကျန့်ရား..."
ကျောင်းသူနဲ့မလိုက်အောင် အပြင်ဆင်လန်ထွက်နေတဲ့ မိန်းကလေးကရှောင်းကျန့်နားကပ်လာတော့ ရှောင်းကျန့်စိတ်ရှုပ်စွာ တိတ်တဆိတ်စုပ်သပ်လိုက်တယ်။
"မင်းရဲ့ အစ်ကိုကအရမ်းချောတယ်။"
"အင်း.."
"ငါတို့ခင်လို့ရမလား။"
"အာ...ရပါတယ်။"
"ဒါဆို weibo acc add မယ်လေ။"