ဝမ်ရိပေါ်က အရမ်းပြောင်းလဲလာပြီး အရွယ်ရောက်တဲ့အမျိုးသားတစ်ယောက်အဖြစ်ပြောင်းလဲလာတယ်။ အရင်ကထက်လည်း ကောင်မလေးတွေဝိုင်းဝိုင်းလည်ဖြစ်လာတယ်။ သူ့ သူငယ်ချင်း ဒေးဗစ်ကတော့ သူ့အမေလည်းမရှိတော့ပဲ ရိပေါ်နားမှာတစ်ချိန်လုံးရှိနေတယ်။ ရိပေါ်ကအရင်ကလို သူ့အမေကိုချွဲတဲ့ကောင်လေးမျိူးလည်းမဟုတ်သလို စကားကိုလည်း အပိုမပြောတော့ဘူး။ သားဖြစ်သူကိုကြည့်ပြီးဝမ်ပါးတောင်နည်းနည်းလန့်မိတယ်။ အလုပ်ကြီးလုပ်မယ့်လူတစ်ယောင်က တည်တည်တံ့တံ့ဖြစ်ဖို့လိုတယ်ဆိုပေမယ့်။ အဲ့လောက်ထိကြီးတော့ မလိုဘူးမဟုတ်လား။
"ရိပေါ်...."
ညနေ chinanကိုပြန်ရတော့မယ်ဆိုပေမယ့် ရိပေါ်ဆီမှာ စိတ်လှုပ်ရှားတဲ့အရိပ်ယောင်မတွေ့ဘူး။ ဒါက မပျော်လို့မဟုတ်ပဲ ခံစားချက်ကိုဖုံးထားနိုင်လို့ဆိုတာ ဝမ်ပါးသိတယ်။ သူ့သားကိုသူတောင်ကြောက်နေမိတယ်။ ရှောင်းကျန့်မရှိတာကို ဘယ်လိုပြောရမလဲ။
"ပါး...ဘာဖြစ်နေတာလဲ။ မားနဲ့တွေ့ရမှာမပျော်ဘူးလား။"
" မဟုတ်ပါဘူး။ သားကြည့်ရတာ မပျော်သလိုဖြစ်နေလို့။"
"မပျော်ပဲနေမလား။ မားကိုတွေ့ရမယ်။ ရှောင်းကိုတွေ့ရမယ်လေ။"
"သားကအတော်လေးတည်ငြိမ်သွားတယ်။"
"ပါးဖြစ်စေချင်နေတာပဲမဟုတ်လား။"
ထိန်းမရအောင်ပျော်နေတာတော့ ဒေးဗစ်ဖြစ်တယ်။ သူ့အမေရဲ့မွေးရပ်မြေကို ပထမဆုံးလာရမှာ။ပြီးတော့ အမျိုးတွေနဲ့လည်းတွေ့ရတော့မှာ။ သူကဆွေမရှိမျိုးမရှိ တစ်ကောင်ကြွက်မဟုတ်ဘူးဆိုတာနဲ့တင် အပျော်ကြီးပျော်နေတယ်။
_____
လေယာဉ်ဆိုက်လို့ China ရဲ့မြေကြီးပေါ်ရောက်တာနဲ့ ရှောင်းကျန့်ရဲ့အငွေ့သက်လေးတွေရနေတယ်။ ဒေးဗစ်မိသားစုကိုလည်း ကြိုပြီးဆက်သွယ်ထားတာမို့ အဖိုးကြီးတစ်ယောင်အဖွားကြီးတစ်ယောက်ရဲ့ ဆယ်နှစ်အရွယ်ကလေးလေးလာကြိုတယ်။ အဖိုးကြီးနဲ့အဖွားကြီးက ဒေးဗစ်ကိုအားကိုတစ်ကြီးစောင့်နေတာရိပေါ်တွေ့လိုက်တယ်။ ဒါပေမယ့်သူဆက်မကြည့်တော့ဘူး။ သူရှာရမှာက မားနဲ့ရှောင်း....