အပိုင်း (၁)

9.3K 98 9
                                    

Mysterious Love
~~~~~~~~~~~~~~
Part - 1
~~~~~~
အရာရာက ကိုယ်ဖြစ်ချင်တဲ့အတိုင်းဖြစ်မလာသလို ကိုယ်မထင်ထားမိတဲ့အရာတွေကလည်း ​ဖြစ်လာတတ်တယ်

ဒီလိုကြောင့်ပဲ ဘဝက ပြောင်းလဲသွားတယ်ထင်ပါရဲ့

အင်း........ကောင်းသောပြောင်းလဲခြင်းပေါ့လေ

ဒီလိုပြောင်းလဲခြင်းရဲ့အစက........

" ညီမလေးနဲ့ မဆွေကို ဆရာခေါ်နေတယ် "

" ဟုတ် အမ "

မေပျိုငယ်လည်း လုပ်လက်စအလုပ်တွေကိုထားခဲ့ပြီး စီနီယာအမဆွေဆွေ နဲ့အတူတူ ဆရာ့ရုံးခန်းရှိရာကို သွားလိုက်ကြသည်

ရုံးခန်းထဲရောက်တော့ ဆရာနဲ့အတူတူ မန်နေဂျာဦးနိုင်လင်းကိုပါ တွေ့လိုက်ရသည်

" ထိုင်ကြ သမီးတို့ "

" ဟုတ်ကဲ့ ဆရာ "

နှစ်ယောက်သားအတူတူပြောလိုက်ကြပြီး ဝင်ထိုင်လိုက်ကြ၏

" နေပြည်တော်ရုံးချုပ်ကနေ အစည်းအဝေးတက်ဖို့ mail ပို့လာတာ သိတယ်မလား "

" ဟုတ်ကဲ့ဆရာ ဒီမနက်ကပဲ mail ဝင်လာတာ "

အမဆွေကပြောလိုက်တော့ မေပျိုလည်းခေါင်းညိတ်ပြီးထောက်ခံလိုက်သည်

" ပုံမှန်ဆို ကိုနိုင်ကိုပဲလွှတ်နေကြပေမယ့် ဒီတစ်ခေါက်ကိုနိုင်ကလည်း ဝါးခယ်မကိုသွားစရာရှိနေတယ် "

" ဟုတ်ကဲ့ ဆရာ "

" သမီးတို့နှစ်ယောက်က LD ရဲ့ တာဝန်ရှိသူတွေဆိုတော့ သမီးတို့ပဲသွားလိုက်ကြပေါ့ ဒီကနေကားသမားတစ်ယောက်ထည့်ပေးလိုက်မယ် "

" ညည်းတို့သွားရင် ဘောနပ်စ်ပေးမယ်လို့ ဆရာကပြောတယ် "

ဆရာနဲ့အတူတူ မန်နေဂျာကပါ ဝင်ပြောလာတာမို့ သူမတို့နှစ်ယောက်မှာ ခေါင်းညိတ်ရမလို ခေါင်းခါရမလိုနှင့်

" အဝတ်အစားရော အစားအသောက်အတွက်ပါ ဆရာက အကုန်လုံးစီစဥ်ပေးထားတယ် နေပြည်တော်ရောက်ရင်တော့ ရုံးချုပ်ကလူတွေက တည်းဖို့အတွက်ပြင်ပေးထားလိမ့်မယ် ညည်းတို့ကဒီကနေ လိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့ laptop ယူသွားရုံပဲ "

Mysterious Love (Ongoing) Where stories live. Discover now