အပိုင်း (၃၉)

1.3K 117 23
                                    

Mysterious Love
~~~~~~~~~~~~~~~~
Part - 39
~~~~~~~~~
" ပီစိုင်းနဲ့တွဲရမယ့်သူရောက်နေပြီသိလား "

" ဟမ် ဟုတ်လား "

" ဟုတ် "

" ဘယ်လိုလဲ ကြည့်ကောင်းရဲ့လား "

" အင်း.....မေပျို့နီးနီးတော့ကြည့်ကောင်းပါတယ် "

" မဟုတ်ဘူးပီစိုင်း သူ့ထက်အဆတစ်ရာလောက်ချောတယ် "

" ညီမလေးမေပြောတာပဲယုံလိုက်ပါ့မယ်ကွာ မေပျိုကယုံလို့ရတာမဟုတ်ဘူး "

" အမလေးနော် ဒီကစတဲ့ဟာကို မပြောတော့ဘူး "

မဲ့ကာရွဲ့ကာတစ်ဖက်ကိုလှည့်သွားတဲ့မေပျိုငယ်ကြောင့် မေလှိုင်နဲ့မင်းသန့်လည်း ကြိတ်ပြုံးလိုက်ကြသည်

မေပျိုကတော့ မမစန္ဒာက မမသုဒြာကို သုသုလို့ခေါ်လိုက်လို့ ဒီကဖြင့်ပီစိုင်းရဲ့သုသုလားဆိုပြီးပြောပြမလို့ကို အခုကတော့လုံးဝကိုမပြောချင်တော့ပေ

" မင်းသန့် သည်းငယ်ကိုဘာပြောထားပြန်ပြီလဲ "

" အစ်ကိုကလည်းဗျာ နောင့်မျက်နှာစူပုတ်နေတာနဲ့ပဲ ကျွန်တော်ကတစ်ခုခုပြောထားသလိုဖြစ်နေပြီ "

" မင်းအကြောင်းမင်းအသိဆုံး "

" အစ်ကိုလည်းမနိုင်တော့ဘူး မေပျိုငယ်ရဲ့အောက်မှာလုံးဝကိုကျရှုံးသွားပြီ "

" ဟာ ပီစိုင်းနော် ဘာအောက်လဲ "

" အော် နောင့်ရဲ့အချစ်အောက်မှာကိုပြောတာပါဗျာ "

" ဟွန့် "

မေပျိုလည်းကိုကြီးရဲ့လက်မောင်းမှာမှီလိုက်ပြီး ပီစိုင်းကိုပြောင်ပြလိုက်သည်

" မှာထားတာတွေရပါပြီဗျ "

စိုင်းဟန်ဒီလာမယ်ဆိုလို့ မင်းသန့်တို့တတွေမှာလိုက်တာကစုံနေတာပါပဲ

အမွှာနှစ်ယောက်ကဟော့ပေါ့မှဟော့ပေါ့ဖြစ်နေ၍ စိုင်းဟန်မှာ တုတ်ထိုးဟော့ပေါ့ကိုသာဝယ်လာရသည်။ မင်းသန့်ကတော့ ဝက်ခေါက်ကြော်ဆို၍ သူ့မှာရှာဝယ်ရသေးသည်

သူအိမ်ကိုရောက်တော့ ဟော့ပေါ့စားဖို့အိုးကအစအကုန်ပြင်ဆင်ပြီးနေလေပြီ

Mysterious Love (Ongoing) Where stories live. Discover now