"အားလုံးမင်္ဂလာပါဗျာ၊အခု သီဆိုရန် အလှည့်ကျသူကတော့ !!နှလုံး သွေးကြော!!သီချင်းဖြင့် အောင်မြင် ကျော်ကြားခဲ့သူ ....""မယ် မယ် မယ် ဖြောင်း ဖြောင်း မယ် မယ်"
အစီအစဉ်တင်သူ၏ စကားသံပျောက်ကာ ပရိတ်သတ်တို့၏ တစ်ခဲနက် အော်သံများ နှင့် လက်ခုပ်သံများ ထွက်ပေါ်လို့ လာခဲ့လေသည်။ ဟုတ်ပါသည် နှလုံး သွေးကြော သီချင်း နဲ့ အောင်မြင်ခဲ့တဲ့ မယ်ဟာ အနုပညာစင်မြင့်ပေါ်မှာ စပြီးသီဆိုခဲ့တဲ့ သီချင်းအသစ်လေးနဲ့ အောင်မြင်ခဲ့တာပါ။
"ဟုတ်ပါတယ်ဗျာ မယ်ပါ၊မယ်လေးရေလေးစားစွာ ဖိတ်ခေါ်ပါတယ်ဗျာ"
"အားလုံး မင်္ဂလာပါ"
မယ်၏ နှုတ်ဆက်စကားသံလေးကြောင့် စင်၏အောက်ဖက်မှ ပရိတ်သတ်အသံတွေ တစ်ခဲနက် ထွက်ပေါ်လို့ လာလေ၏။
"ဝေး ဟေး ဖြောင်း ဖြောင်း ဖြောင်း "
အစီအစဉ် တင်ဆက်သူ စကားဆုံးတာနဲ့ စင်မြင့်၏ ကုလားကာ နောက်မှ ပေါ်ထွက်လာသော အဆိုတော် မယ်။
"မယ့်ကိုချစ်တဲ့ ပရိတ်ကြီးအတွက် မယ် သီချင်း ၃ပုဒ် ဖျော်ဖြေပေးပါ့မယ်နော်၊ပရိတ်သတ်တောင်းဆိုတဲ့ သီချင်းဆိုပေးပါ့မယ်နော်"
"ဝေး ဖြောင်း ဖြောင်း "
"ဒါဆို မယ် ဘာအရင် ဆိုပေးရမလဲ ပရိတ်သတ်ကြီးတို့"
"ဆုတောင်း ၊နှလုံး သွေးကြော ၊အတိတ်...."ပရိတ်သတ်တွေရဲ့ စကားသံတွေများစွာ ထွက်ပေါ်လို့ လာခဲ့လေသည်။
"ဒါဆို မယ်!!အတိတ်!!သီချင်းလေး အရင် ဆိုလိုက်ပါမယ်...ကိုမြတ်ရေ ...စလိုက်ရအောင်"DJ သမား ကိုမြတ်ဆိုသူကို ပြောကာ ဂီတာကောက်လွယ်လိုက်သော မယ်။
ကိုယ်ပိုင်သီချင်းတွေပဲ ဆိုတဲ့မယ်ဟာ သီဆို ဖျော်ဖြေစဉ်တွင်လည်း ဂစ်တာကို လွယ်ကာ သီဆိုလိမ့်ရှိသည်။တီးဝိုင်းအဖွဲ့သူ အဖွဲ့သားအားလုံးဟာလဲ မယ်ရဲ့အဖွဲ့သားတွေပင်။
"🎵ဖြစ်နိုင်မယ် ဆို🎼ငါဟာ အတိတ်ကို ပြန်သွားချင်🎶အပူအပန်ဆိုတာ မရှိသလောက်ရှားတယ်🎼
ပျော်စရာ အတိတ်🎼နေ့ရက်တွေကို 🎶ပြန်လိုချင်မိတယ်🎵 ခက်ခဲလှတဲ့ လမ်းတွေမှာ 🎶🎶ဘယ်သူနဲ့မှ မကြုံချင်တော့ဘူးလေ🎶🎶
YOU ARE READING
နှလုံးသားထဲက သံစဉ်
Romanceအဆိုဝါသနာပါတဲ့ မယ်နှောင်းတင့်တယ် တေးရေးဆရာ နေဂုဏ်ထည် ဆရာဝန် သစ္စာတို့ရဲ့ အချစ်ဇာတ်လမ်းလေး မယ့်ကြောင့် ဦးနေ အမြင်အာရုံ ဆုံးရှုံးခဲ့ရသလို ဦးနေချစ်သူလဲ သေဆုံးခဲ့ရတယ် ချစ်သူအတွက် အမုန်းကြီးမုန်းတဲ့ မယ့်ကို လက်ထပ်လိုက်တဲ့ နေဂုဏ်ထည် ဘာတွေဆက်ဖြစ်မလဲဆိုတာတ...