အခန်း ၆

154 2 0
                                    


"တင်းတောင် တင်းတောင်"
မယ် ကော်ဖီဖျော်နေတုန်း တံခါးဘဲစ်တီးသံကြောင့် အိမ်ရှေ့သို့ထွက်လာကာ တံခါးအား ဖွင့်၍ ဘဲစ်တီးသူအားကြည့်ရာ
"ဟင် ကိုပိုင်သက်"
"အင်း မယ်၊ကိုနေ့အမေ ပါလာတယ်"
"ရှင်"

မယ် အန်တီဝင့်လိုက်လာတယ်ဆိုသော စကားကြောင့်အံ့ဩသွားပြီး တံခါးအားအကုန်ဖွင့်၍ ကိုပိုင်သက်နှင့်အန်တီဝင့်အား ဝင်စေလိုက်၏။

"သမီးမယ်"

မယ့်လက်လေးအား ဆွဲခေါ်ကာ ဆိုဖာထက်တွင် အတူတူ ထိုင်စေသည်။
"မယ် အန်တီဝင့် သောက်ဖို့ ကော်ဖီဖျော်ပေးမယ်လေ"
"ရတယ် သမီး၊မဖျော်ပါနဲ့၊မာမီ သမီးနဲ့ အေးဆေးစကားပြောချင်လို့ပါ"

ကိုယ့်ကိုကိုယ် မာမီလို့ပြောတဲ့ အန်တီဝင့်ကို မယ်ပြူးကြောင်ကြောင်လေး ကြည့်နေမိသည်။

"သားနေနဲ့လက်ထပ်ထားတဲ့ မယ်လေးက အခုဆို မာမီ့ချွေးမပဲလေ၊ဒါကြောင့် မာမီလို့ သုံးနှုန်းလိုက်တာလေ"
"ဟုတ်" ဟုဆိုကာ ခေါင်းလေးငုံ့သွားတဲ့မယ့်ကိုကြည့်ကာ ဒေါ်ဝင့်ဝင့်သူ သားနေ၏လုပ်ရပ်ကြောင့် စိတ်မကောင်းဖြစ်ရသည်။

"မယ်လေးလဲ မိဘနှစ်ပါးဆုံးရှုံးခဲ့ရတဲ့အတွက် မာမီစိတ်မကောင်းပါဘူး"

အန်တီဝင့်၏ ‌အပြောကြောင့် မယ်ဖေဖေနဲ့မေမေ့ကို သတိရလို့သွားရပြီး မျက်ဝန်းအိမ်မှ မျက်ရည်များ ကျဆင်းလို့လာရ၏။ဒေါ်ဝင့်ဝင့်သူ မယ့်ပါးပြင်က မျက်ရည်လေးအား သုတ်ပေးကာ

"သားနေရဲ့ တစ်ယူသန်စိတ်ကို မယ်လေးကပဲ အတူတူနေရင်း ပြေပျောက်ပေးပါလို့ မာမီတောင်းဆိုချင်တယ်"
"အန်တီဝင့်"
"မာမီလို့ ခေါ်ပါ သမီးမယ်"
"မာမီ "

ဒေါ်ဝင့်ဝင့်သူ မယ်လေးအား ပုခုံးလေးမှ ဆွဲကာ ဖက်ထားရင်း

"မာမီ သမီးမယ်လေး ခံစားရတာကို ကိုယ်ချင်းစာပါတယ်၊သားနေကော သမီးမယ်လေးကိုပါ စိတ်ချမ်းသာစေချင်တယ်၊မာမီ အခုလာတာသမီးမယ်လေး တကယ်ပဲ သားနေရဲ့ အကျပ်ကိုင်မှုကို လက်ခံနိုင်ရဲ့လား၊သမီးမယ်သာ နောက်ဆုပ်ချင်ရင် မာမီကူညီပါ့မယ်"

မယ် အန်တီဝင့်ရင်ခွင်မှ ထွက်ကာ

"ဟင့်အင်း မယ် ဦးနေနဲ့ လက်ထပ်ထားတာ
နောက်မဆုပ်ဘူး၊မယ့်ကို ဦးနေ တစ်သက်လုံးမုန်ူနေတာ မလိုချင်ဘူး၊ဦးနေစိတ်တိုင်းကြ မယ်နေထိုင်ပေးမှာပါ မာမီ"

နှလုံးသားထဲက သံစဉ်Where stories live. Discover now