ကျွန်တော့ဘဝမှာ အမှောင်တွေထဲ နေသားကျနေပါပြီ။ကမ္ဘာလောကကြီးထဲမှာ တောင်ပတဲ့အလင်းတန်း၊မနက်ခင်းနေရောင်ခြည်အလှအပတွေကို မခံစားရတော့၊မွေးပျံ့တဲ့ပန်းရနံ့လေးတွေကို ရူရှိုက်ရပေမဲ့ မြင်နိုင်စွမ်းမရှိတော့အခါ ကျွန်တော့ဘဝအတွက် မခမ်းနားနိုင်ပေ။ အမှောင်ထုတွေထဲ နေသားကျနေတဲ့ကျွန်တော် ဒီအတိုင်းလေးပဲ ရှင်သန်နေထိုင်ရတာ ကျေနပ်မိပေမဲ့ နှလုံးသားမှာ အမြစ်တွယ်နေတဲ့ အဖုအထစ်ကိုတော့ ဘယ်တော့မှ ချေဖျက်နိုင်မယ်မထင်။နေဂုဏ်ထည် လှေကားလက်ရန်းကိုကိုင်ကာ လှေကားထစ်တွေကို တစ်ထစ်ချင်းလှမ်း၍ ဆင်းလာခဲ့လေသည်။ လှေကားထစ်သုံးထစ်အရောက်တွင်တော့
"သား မာမီလာခေါ်မှာပေါ့ကွယ်၊ပြုတ်ချမှဖြင့်"
"မာမီ ဖြေးဖြေးလာ သားရပ်နေပါ့မယ်"မာမီအသံနှင့်အတူ လှေကားပေါ်တက်လာသံကြောင့် နေဂုဏ်တည် ရပ်နေမိရင်း ပြောလိုက်မိ၏။
"လာသား မာမီ့လက်ကိုတွဲ"သူ့လက်ကိုလာတွဲတဲ့ မာမီ့လက်ကလေးကို အုပ်ကိုင်ပြီး
"အဟွန်း ရပါတယ်မာမီရယ် သားနေသားကျနေပါပြီ"
"အိုး သားရယ် နေသားဘယ်လောက်ပဲကျကျ မာမီ သားကို စိတ်မချနိုင်ပါဘူးကွယ်"သားအမိနှစ်ယောက် လှေကားကို ဖြတ်လျှောက်ဆင်းလာခဲ့မိလေ၏။
"သား နံနက်စာ တစ်ခါတည်း စားလိုက်နော်"
"ဟုတ်မာမီ၊ပိုင်သက် ပြန်မလာသေးဘူးလား မာမီ"
"အင်း မလာသေးဘူး သားရဲ့၊ဈေးပါ ဝယ်ခဲ့မယ်ပြော
တယ်"ထမင်းစားခန်းထဲ အရောက်
"ဒီမှာထိုင်သား "ခုံမှာ သူဝင်ထိုင်ပြီးသည့်အထိ သူ့လက်မောင်းကို ကိုင်ထားတဲ့ မာမီကြောင့် သူပြုံးလိုက်မိလေ၏။
"သားကြိုက်တဲ့ အုန်းနို့ခေါက်ဆွဲ မာမီချက်ထားတယ်"
"ဟုတ် မာမီ"
"ဒီမှာသား ဇွန်း၊မာမီ ခွံ့ရမလား"
"ရပါတယ်မာမီရဲ့ သားစားတက်ပါတယ်"နေဂုဏ်ထည် အုန်းနို့ခေါက်ဆွဲပန်းကန်အား လက်တစ်ဖက်ဖြင့် ထိန်းကိုင်ကာ ကျန်လက်တစ်ဘက်ဖြင့် ခပ်ကာစားနေမိသည်။ခေါက်ဆွဲ တစ်ဝက်ကုန်လေမှ
YOU ARE READING
နှလုံးသားထဲက သံစဉ်
Romanceအဆိုဝါသနာပါတဲ့ မယ်နှောင်းတင့်တယ် တေးရေးဆရာ နေဂုဏ်ထည် ဆရာဝန် သစ္စာတို့ရဲ့ အချစ်ဇာတ်လမ်းလေး မယ့်ကြောင့် ဦးနေ အမြင်အာရုံ ဆုံးရှုံးခဲ့ရသလို ဦးနေချစ်သူလဲ သေဆုံးခဲ့ရတယ် ချစ်သူအတွက် အမုန်းကြီးမုန်းတဲ့ မယ့်ကို လက်ထပ်လိုက်တဲ့ နေဂုဏ်ထည် ဘာတွေဆက်ဖြစ်မလဲဆိုတာတ...