အခန်း (၁၉)
"ဦးနေ "
"ဗျာ"
"မယ် မမမိုးဆီမှာ ကျန်ခဲ့မယ်နော်"
"မယ့်သဘော"ဦးနေကို ကြယ်သီးတပ်ပေးနေရင်း မယ်ပြောလိုက်မိသည်။ နေတစ်ယောက် မယ့်နဖူးအား အနမ်းပေးကာ
"မယ် ကို့ကို ယုံတယ်မို့လား"
"ဟင် ဟုတ်"
"ကို သစ္စာကို သွားတွေ့တဲ့အကြောင်း မယ့်ကို ကိုပြောပြထားတယ်နော်၊မယ် တစ်ယောက်ထဲ ဟိုတွေး ဒီတွေး တွေးပြီး မဟုတ်တာတွေနဲ့ စိတ်ညစ်နေမှာ ကို စိတ်ပူတယ် မယ်"မယ် ဦးနေအပြောကြောင့် ဦးနေရင်ခွင်ထဲ တိုးဝင်ကာ ဦးနေရင်ဘတ်အား နမ်းရင်း ခေါင်းလေးမော့ကာ
"မယ် မတွေးပါဘူး၊မယ် ဦးနေကို ယုံပါတယ်၊ဦးနေ ထားခဲ့ရင်တောင် မယ်က အတင်းဆွဲထားမှာ"
"အဟား ပျော်တာကွာ၊ကို့ကို ဆွဲထားမဲ့ လူရှိလို့"
မယ့်ခေါင်းလေးအား ထိန်းကိုင်ကာ နေသူမလေး နှုတ်ခမ်းဖူးဖူးလေးအား ဆွဲကာ စုပ်ယူ နမ်းဖြစ်လိုက်လေ၏။"ဒေါက်!...ဒေါက်!....ကိုနေရေ မိန်းမနားပဲ ကပ်မနေနဲ့ဗျ သွားမယ်"
"ကျစ် သာသနာဖျက် "
နေ ပိုင်သက်၏ တံခါးခေါက်သံနှင့်အတူ အော်ခေါ်သံကြောင့် မယ့်နှုတ်ခမ်းလေးအား လွှတ်ကာ ညည်းညူးမိလေ၏။
မယ်ကတော့ ရှုံ့မဲ့သွားသော ဦးနေ မျက်နှာအား ကြည့်ကာ ရယ်မိသည်။ နေနှင့်မယ်တို့ နှစ်ယောက် လက်ချင်းတွဲလို့ အောက်ထပ်ဆင်းလာခဲ့ရာ လှေကား အောက်ခြေမှ ပိုင်သက်မျက်နှာသည် ရယ်ကျဲကျဲဖြစ်လို့နေပေသည်။"ကိုနေ ဘယ်အရင်သွားမလဲ"
"မနက်စာ အရင်စားမယ်လေ"နေကော မယ်ပါ ပိုင်သက်ကို ကျော်ကာ ထမင်းစားခန်းထဲ ဝင်လာခဲ့လေသည်။
"မာမီ အစောကြီး ရောက်နေတယ်"
"ဟုတ်တယ် သမီးမယ်၊သားနဲ့သမီးအတွက် မာမီ ကော်ရည် ခေါက်ဆွဲချက်လို့ လာပို့တာ"
"မာမီကလဲ မယ်တို့ကို ခေါ်လိုက်တာမဟုတ်ဘူး"
"သမီးမယ်က လိမ္မာတုန်းလေး၊သားနေက ငမိုက်"နေ တစ်ဖက်သတ် အပြစ်တင်နေတဲ့ မာမီကို ကြည့်ကာ
"ဟာ မာမီကလဲ သားဘာလုပ်လို့လဲ"
"ရှင့်ကို ညက ကျွန်မ ဖုန်းဆက်တယ်လေ၊လာနိုင်မလားလို့ ၊နေ့လယ်မှဆို"
"ဪ မာမီကပြောလေဗျာ၊ကော်ရည်လာစားလို့"
"ဟုတ်ပါတယ် နေဂုဏ်ထည်ရယ် ကျွန်မမှားတာပါ၊အခုတောင် မယ်လေးနဲ့မို့ လာပို့တာ၊ရှင့်တစ်ယောက်ထဲသာဆို လာမပို့ဘူး"
"သိပါတယ်ဗျာ"
YOU ARE READING
နှလုံးသားထဲက သံစဉ်
Romanceအဆိုဝါသနာပါတဲ့ မယ်နှောင်းတင့်တယ် တေးရေးဆရာ နေဂုဏ်ထည် ဆရာဝန် သစ္စာတို့ရဲ့ အချစ်ဇာတ်လမ်းလေး မယ့်ကြောင့် ဦးနေ အမြင်အာရုံ ဆုံးရှုံးခဲ့ရသလို ဦးနေချစ်သူလဲ သေဆုံးခဲ့ရတယ် ချစ်သူအတွက် အမုန်းကြီးမုန်းတဲ့ မယ့်ကို လက်ထပ်လိုက်တဲ့ နေဂုဏ်ထည် ဘာတွေဆက်ဖြစ်မလဲဆိုတာတ...