အခန်း ၅

160 3 0
                                    

မယ်ပြန်လာရာ လမ်းတစ်လျှောက် အသက်မဲ့စွာ ကားပေါ်ကနေ အပြင်ဘက်အား အဓိပ္ပာယ်မဲ့ ငေးမောနေမိတော့သည်။

မယ်ဟာအခုဆို ဦးနေနဲ့လက်ထပ်လိုက်ရသော သူတစ်ယောက်ဖြစ်လို့နေပြီ၊၃ ရက်အတွင်း ဂီတလောကကနေ နှုတ်ထွက်ကြောင်းကို မယ်သတင်းစာရှင်းလင်းပွဲပြုလုပ်ပေရတော့မယ်။

မယ့်ဘဝ၊မယ့်ခန္ဓာကိုယ်၊မယ့်စိတ်အားလုံးသည် ဦးနေအနားနေထိုင်ရတော့မယ်၊!!!ဦးနေ ဘာကြောင့် မယ့်ကိုဒီလောက်မုန်းနေရတာလဲ !!!
မယ်နေထိုင်ရာ Premium ကွန်ဒိုအဝန်းထဲမှာ ကားရပ်သည်အထိ မယ်ကျောက်ရုပ်ကလေးလို ကားထဲထိုင်နေမိတုန်းပင်။ အချိန်ကြာမြင့်လာမှ

"မယ် သမီး ရောက်ပြီလေ"
"ဪ ဟုတ်"

တံခါးဖွင့်ကာ ဆင်းပြီး မယ်ဓာတ်လှေကားဖြင့် အပေါ်သို့တက်လာခဲ့လေသည်။ အခန်းရှေ့အရောက်တွင်တော့ မယ်ဝမ်းနည်းကာ ငိုချင်နေမိသည်။
စိတ်ကိုတင်းလို့ မယ်တံခါးဖွင့် ဝင်လာခဲ့လေတော့ ဧည့်ခန်းအတွင်း မမမိုးအပြင် ကိုမြတ်တို့တီးဝိုင်းအဖွဲ့သားတွေပါ ရောက်လို့နေသည်။

"မယ် ပြန်လာပြီလား၊ဘယ်လိုလဲ မယ်၊ဘုရားရိပ် တရားရိပ်က အေးချမ်းတယ်မို့လား"

ကိုမြတ်အမေးကြောင့်မယ် မမမိုးမျက်နှာအားကြည့်လိုက်မိတော့ မယ်အား ခေါင်းညိမ့်ပြလေ၏။
"ဟုတ် ကိုမြတ်၊မယ် အဝတ်အစားလဲလိုက်အုံးမယ်နော်"
"လဲမနေနဲ့မယ်၊ဒီတိုင်းလေးလှတယ်"
"ဟုတ်တယ်မယ်ရာ၊လာ ဒီမှာ ကိုမြတ်ရဲ့လက်ရာ ဟင်းလျာတွေနဲ့ ထမင်းစားကြမယ်"

မယ်အားလုံးအလိုချ လိုက်ကာ ခုံတွင်ဝင်ထိုင်မိလိုက်ပြီး မမမိုးလာချပေးတဲ့ထမင်းတွေအား အားရပါးရ စားသောက်ဖြစ်လိုက်မိသည်။
မိုးကတော့ မယ်၏ မျက်နှာလေးအား ဂရုတစ်စိုက်ကြည့်ရင်း ဆရာနေနှင့် တွေ့ဆုံမှုဟာ အဆင်မှပြေရဲ့လားဆိုတာ သိချင်မိလေ၏။
မယ်ကတော့ စားပွဲပေါ်က ဟင်းမှန်သမျှ အကုန်တည့်ကာ စားသောက်လို့တေသည်သာ။

"မယ် ကိုမြတ်လက်ရာ ကြိုက်သွားပြီမို့လား"
"အင်း "
တီဝိုင်းထဲမှာ အငယ်ဆုံးသောသူ၏ အမေးကို မယ်ပြန်ဖြေရင်း အရင်အရင်ထက်ကို ပို၍စားသောက်မိလေသည်။
"မယ် အခုအတောအတွင်း အသံဂရုစိုက်နော်၊မတည့်တာတွေ မစားနဲ့"

နှလုံးသားထဲက သံစဉ်Where stories live. Discover now