မယ်တို့ မမတင့်တယ် မရောက်မီ ကဖေးဆိုင်သို့ ရောက်နှင့်၏။ကိုပိုင်သက် စုံးစမ်းမှုဖြင့် မမတင့်တယ်သည် သီးသန့်ခန်းလေး ယူထားသည်တဲ့လေ။ပိုင်သက်အား နေ ကပ်ရပ်သီးသန့်ခန်း ယူခိုင်းပြီး မယ့်ကိုတော့"မယ် အပြင်မှာနေနဲ့ တင့်တယ်လာမှ အထဲဝင်"
"ဒါဆို မိုးတို့ ကူစောင့်ပေးလိုက်မယ်"
"ကိုနေ အဆင်ပြေတယ်"
"အင်း"
"ဦးနေက ဘာလို့ လိုက်လာလဲ"
"သိချင်လို့လေ မင်းလိုလူကို တစ်ကူးတစ်က ဖိတ်ပြီး ခေါ်ပြောရလောက်အောင် ဘာစကားလဲဆိုတာ"
"ကိုနေ ချိန်းထားတာ နီးပြီ ဝင်ရအောင်"
"အင်း"ဆရာနေနှင့် ကိုပိုင်သက်တို့နှစ်ယောက် ကျောပြင်အား ကြည့်ကာ
"မယ်"
"ရှင်"
"ဆရာနေက ဘာတွေတွေးနေတာလဲ မသိတော့ဘူး"
"အင်း မယ်လည်း မသိပါဘူး"မယ်တို့ နာရီဝက် ထက်ကာ စောင့်ပြီးလေမှ မမတင့်တယ်တစ်ယောက် ရောက်လို့လာလေသည်။
ဆိုင်ထဲဝင်လာတဲ့ မမတင့်တယ်ကို မယ်ပြုံးပြီ မတ်တပ်ရပ် ကြိုမိလေ၏။"မယ် စောင့်နေတာ ကြာပြီလား"
"ရပါတယ် မမ"
"ဒါဆို မမတို့ သီးသန့်ခန်းထဲဝင်ရအောင်၊ဒီက"
"ဟုတ်မမ ဒါမမမိုးနဲ့ ကိုမြတ်၊မယ်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေပါ"
"အို အဲဒါဆို ကောင်းတာပေါ့၊လိုက်ခဲ့ပေးနော်၊မယ့်ကို တစ်ယောက်တည်း ပြောရတာတတ် မယ့်လုပ်ဖော်ကိုင်ဖက်တွေပါ ပြောရတော့ ပိုကောင်းတာပေါ့"မယ်တို့ သုံးယောက်စလုံးဟာ မမတင့်တယ်ခေါ်ရာနောက်သို့ လိုက်ပါခဲ့လေသည်။
"မယ်တို့ လိုတာ ကြိုက်တာ ထပ်မှာနော်၊မမကအသီးအနှံ၊အစားအသောက် တစ်ဝိုင်း မှာထားတယ်"
"မယ်တို့လည်း တော်ပါပြီ မမ"
"အင်းပါ မယ်တို့ အချိန်ရတယ်မို့လား"
"ရပါတယ် မမတင့်တယ်"Waiter တွေ မမတင့်တယ် မှာသမျှကို တစ်ယောက်ပြီး တစ်ယောက် လာပို့ကြလေတော့ မယ်တို့စကားမပြောကြရသေးပေ။
မှာသမျှ လာပို့ပြီးလေတော့
"မမတို့ စာရင်းသောက်ရင်း စကားပြောကြတာပေါ့"
"ဟုတ်"
"မယ့်ကို ပြောမယ်ဆိုတဲ့စကားက ဘာများလဲ ခင်ဗျာ"ကိုမြတ်ရဲ့အပြောကို မမတင့်တယ်ဟာ မယ့်ကို ပြုံးကာကြည့်ရင်း
YOU ARE READING
နှလုံးသားထဲက သံစဉ်
Romansaအဆိုဝါသနာပါတဲ့ မယ်နှောင်းတင့်တယ် တေးရေးဆရာ နေဂုဏ်ထည် ဆရာဝန် သစ္စာတို့ရဲ့ အချစ်ဇာတ်လမ်းလေး မယ့်ကြောင့် ဦးနေ အမြင်အာရုံ ဆုံးရှုံးခဲ့ရသလို ဦးနေချစ်သူလဲ သေဆုံးခဲ့ရတယ် ချစ်သူအတွက် အမုန်းကြီးမုန်းတဲ့ မယ့်ကို လက်ထပ်လိုက်တဲ့ နေဂုဏ်ထည် ဘာတွေဆက်ဖြစ်မလဲဆိုတာတ...