အခန်း ၄

151 4 0
                                    


"မမမိုး မမမိုးရေ ကျွီ "
မယ် မမမိုး နာမည်ခေါ်ကာ တံခါးဖွင့်ဝင်လာပေမဲ့ မတွေ့ပေ။ ဧည့်ခန်းထဲတွင်လည်း မရှိပေ၊အိပ်ခန်းထဲတွင်လည်း မရှိပေ။ ရေချိုးခန်းထဲတွင် မရှိပေ။

"ဟင်း ဘယ်သွားတာလဲ မသိဘူး မမမိုးကလဲ"

မယ် ဆိုဖာပေါ်ထိုင်ချရင်း ညည်းညူမိလိုက်သည်။
"ကျွီ ကလက်စ်"
"မမမိုး"
"ဟင် မယ်ပြန်လာပြီလား"
"ဘယ်တွေသွားနေတာလဲ ညကြီး"
"ဒီမှာလေ ညလယ်ကြရင် မယ် ဗိုက်ဆာရင် စားဖို့အတွက် အောက်က mini market ဆိုင်မှာဆင်းဝယ်တာ"
မယ် မမမိုး၏ အပြောနှင့် လက်ထဲက အထုပ်ကို မကြည့်အား၊ဂရုမစိုက်အားပေ။ မမမိုးလက်ကိုဆွဲကာ ဆိုဖာတွင် ထိုင်စေလိုက်၏။

"မယ်လေ မမတင့်တယ်မွေးနေ့မှာ ဘယ်သူနဲ့တွေ့ခဲ့တယ်ထင်လဲ"
"ဟင် ဘယ်သူနဲ့ တွေ့ခဲ့တာလဲ"
အထုပ်တွေအား စားပွဲပေါ်တင်ရင်း မေးမိလိုက်၏။
"ဦးနေနဲ့ တွေ့ခဲ့တယ် မမမိုးရဲ့"
"ဟင် ဆရာနေက မွေးနေ့လာတယ်"
"ဟုတ်တယ် မမရဲ့၊မွေးနေ့ရှင် မမတင့်တယ်‌နဲ့ အရမ်းရင်းနှီးသလိုပဲ၊ဦးနေလက်ကိုတွဲပြီး ခေါ်လာတာ"
"ဟုတ်လား ကဲပါ အဲ့ဒါထားပါ ၊ဆရာနေက မယ့်ကိုဘာပြောလဲ"
"တွေ့ရတာ ဝမ်းသာပါတယ်တဲ့၊ကြည်ကြည်သာသာပဲနှုတ်ဆက်တယ်သိလား"

အရင်လိုမဟုတ်ပဲ မျက်နှာလေးကြည်သာနေတဲ့ မယ့်ကိုကြည့်ကာ မိုးတစ်ယောက် မယ့်လက်ကိုဆွဲကာ

"မယ်လေးကို မမပြောစရာရှိသေးတယ်"
"ဟုတ် ပြောလေ မမ"
"တကယ်လို့ ဆရာနေက မယ့်ကို ခွင့်လွှတ်တယ်ပြောရင် ဒီအတိုင်းလေး နားလည်မှုယူပြီး ဆရာနေ့အနားကနေ ထွက်လာခဲ့နော်"
"ဘာကိုပြောချင်တာလဲ မမ"
"ဆရာနေများ ဂီတလောကထဲ ပြန်ဝင်လာခဲ့ရင် မယ် ဆရာနေနဲ့ အလုပ်အတူတူမလုပ်နဲ့လို့ပြောတာမယ်"

"ဘာဖြစ်လို့လဲ မမမိုးရဲ့"
"မယ်ရယ် ဆရာနေ့ကို မယ်နောင်းပန်တာ  ၇ နှစ်တောင်ရှိပြီမယ်၊ဒါပေမဲ့အခုမှ ချက်ချင်းခြင်း ဘာကြောင့် မယ့်ကိုလာတွေ့ခိုင်းတာလဲ၊ဆရာနေ ဘာတွေးနေတာလဲဆိုတာ မစဉ်းစားတတ်တော့ဘူး မယ်"

မမမိုးအပြောကြောင့် မယ့်မျက်နှာလေး အုံ့မှိုင်းလို့သွားရလေ၏။ !!!ဟုတ်သား ဦးနေ ဘာကြောင့်များ အခုမှ မယ့်ကို ခွင့်လွှတ်ချင်ရတာလဲ!!!

နှလုံးသားထဲက သံစဉ်Where stories live. Discover now