Extra
၆ လ ကြာပြီးနောက်
"သားနေ ဒီနေ့ ဘယ်သွားစရာရှိလဲ"
"ဦးနေ ဒီနေ့ ဘယ်မှ သွားမှာ မဟုတ်ဘူး မာမီ၊နေသိပ်မကောင်းလို့ "
"အို ဘာဖြစ်လို့လဲ သမီးမယ်"
"သိဘူး မာမီ၊ဆေးခန်း သွားပြမလားလို့"
"အေးပါ သမီးမယ်၊မာမီ လိုက်ရအုံးမလား"
"ရပါတယ် မာမီ၊ကိုပိုင်သက် လာမှာပါ"မယ်နှင့်မာမီတို့ အပြန်အလှန်စကားပြောနေပေမဲ့ နေကတော့ သူ့ရှေ့က နန်းကြီးသုတ်ပန်းကန်ကို လွှတ်ပစ်ချင်နေမိ၏။
"သားနေ စားလေ သားအကြိုက်"
"တော်ပြီ မာမီ၊သား အနံ့တောင် မခံနိုင်တော့ဘူး"
"အို သားအကြိုက်လေ"မျက်နှာ ရှုံ့တွစွာ ထမင်းစားပွဲမှ ထွက်သွားလေသော နေပင်။
"ဦးနေ"
"မယ် ဝမှ ကို့ဆီလာခဲ့၊ကို ဧည့်ခန်းထဲမှာ စောင့်မယ်"
"အဟင်း "ဒေါ်ဝင့်ဝင့်သူ သားရဲ့ ဖြစ်အင်ကို ကြည့်ကာ ရိပ်မိသလို ရှိ၍ စိုးရိမ်နေသော မယ့်အား
"စား သမီးမယ်၊သမီးယောက်ျား ဘာမှ မဖြစ်ဘူး"
"ဟင် ဟုတ်လို့လား မာမီရဲ့"
"ဟုတ်ပါ့ရှင့်၊သမီး စားကြည့်ပါအုံး"
"ဟုတ်"မာမီ့အပြောကြောင့် မယ် နန်းကြီးသုတ်ပန်းကန်အား ဆွဲကာ စားနေမိတော့သည်။ ဟင်းချိုလေးသောက်ကာ စားနေမိသည်။ ဦးနေအတွက် ပြင်ပေးထားတဲ့ ပန်းကန်ပါ မယ် စားလို့ ကုန်သွားလေ၏။
"ကောင်းလား မယ်လေး"
"ကောင်းတယ် မာမီ မယ်လေ အခုအတောအတွင်း အရမ်းစားနေတယ် သိလား၊ဦးနေကတော့လေ ဘာမှ မစားချင်သလို ကိုယ်တွေလည်း မအီမသာ ဖြစ်နေတယ်"
"အေးပါ တစ်ကူးတက ဆေးခန်းသွားစရာ မလိုဘူး၊ဒေါက်တာ ခန့်ဝေနိုင်ကို မာမီ ဖုန်းဆက်မယ်"မာမီ့အပြောကြောင့် မယ် ဧည့်ခန်းအတွင်း ထွက်လို့ လာခဲ့လေသည်။မယ်တို့ အခုဆို မာမီနှင့်အတူ နေထိုင်သလို မာမီအိမ်တွငခ ဦးနေသည် မယ့်အတွက် Studio ခန်းလေးတစ်ခန်း ထပ်ကာ ဆောက်ပေးလေသည်။
"ဦးနေ နွားနို့ သောက်နော်"
"အင်း"နေ မယ်ပေးသော နွားနို့အား ပါးစပ်နားထေ့၍ သောက်စဉ် ဝမ်းထဲမှ ပျို့ကာ တက်လာ၍ ဘေစင်ဆီ ပြေးရပြန်လေပြီ။
"ဦးနေ "
မယ် ဦးနေနောက် ပြေးလိုက်ကာ ဘေစင်တွင် လက်ထောက်ကာ အန်နေတဲ့ ဦးနေ ကျောအား ပွတ်ကာပေးနေမိရင်း
"အဟင့် မာမီ"
"ဪ သမီးမယ်ရယ်၊ဝမ်းသာစရာကို ငိုနေတယ်"
"မာမီကလဲ ဒီလောက်ဦးနေ အန်နေရတာကို ဝမ်းသာစရာလား"
"ကဲပါ လာပါ ဧည့်ခန်းကို မာမီ ဒေါက်တာကို့ ဖုန်းဆက်ထားပါတယ်"
YOU ARE READING
နှလုံးသားထဲက သံစဉ်
Romanceအဆိုဝါသနာပါတဲ့ မယ်နှောင်းတင့်တယ် တေးရေးဆရာ နေဂုဏ်ထည် ဆရာဝန် သစ္စာတို့ရဲ့ အချစ်ဇာတ်လမ်းလေး မယ့်ကြောင့် ဦးနေ အမြင်အာရုံ ဆုံးရှုံးခဲ့ရသလို ဦးနေချစ်သူလဲ သေဆုံးခဲ့ရတယ် ချစ်သူအတွက် အမုန်းကြီးမုန်းတဲ့ မယ့်ကို လက်ထပ်လိုက်တဲ့ နေဂုဏ်ထည် ဘာတွေဆက်ဖြစ်မလဲဆိုတာတ...