အခန်း ၇

167 2 0
                                    


နေဂုဏ်ထည်တစ်ယောက် အပြင်က ပြန်လာပြီးကတည်းက အိမ်ထဲသို့မဝင်ဘဲ ကသစ်ပန်းပင်အရိပ်အောက်က ခုံတန်းပေါ်တွင် ထိုင်နေမိသည်။
သူ့ရဲ့ဘဝ အမှောင်ချနေတာ ခုနှစ်နှစ်ပြည့်ခဲ့ပြီပေါ့။

" သားနေ "
"ဗျာ"
မာမီ၏ ခေါ်သံကြောင့် နေအတွေးတွေရပ်ကာ ထူးလိုက်မိ၏ ။

"မာမီ သားနေနဲ့သမီးမယ်အတွက် ပေါ့ပေါ့ပါးပါးဝတ်စုံလေးတွေပဲ စီစဉ်ခဲ့တယ်၊ဖိတ်စာလဲ ရိုးရိုးရှင်းရှင်းလေးပဲ မာမီ ရိုက်လိုက်တော့တယ်"

မာမီ၏ အပြောကို နေ ငြိမ်သက်စွာ နားထောင်နေမိသည်။
"သားနေ မာမီပြောတာ ကြားရဲ့လား"
"ကြားပါတယ် မာမီ"
"ဟင်း" ခနဲ ဒေါ်ဝင့်ဝင့်သူ သက်ပြင်းချရင်း မတုန်မလှုပ်သား၏ပုံစံကို ကြည့်မိသည်။

"ဒေါက်တာကကော ဘာပြောလဲ"
"အကြောင်းမကြားသေးဘူး မာမီ"
"သား"
"ဗျာ မာမီ"
"သားတကယ်ပဲ မယ်လေးနဲ့ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပြီလား"
"ဘာလို့မေးတာလဲ မာမီ"

"မာမီ့သား အသက်မငယ်တော့ဘူး၊အခုဆို သားအသက် ၃၅ နှစ်ပြည့်ပြီသား၊သားကိုမာမီ အမုန်းတွေ အာဃာသတွေကြား မရှင်သန်စေချင်ဘူးသား၊သားအရွယ်ဆို စစ်မှန်တဲ့ ဇနီးမယားတစ်ယောက်နဲ့သားသမီးတွေနဲ့ ပျော်ရွှင်နေရမယ် သား"

"အဲ့လိုဘဝမျိုးကို သစ္စာနဲ့တည်ဆောက်ချင်ခဲ့တာ မာမီ၊သစ္စာမဟုတ်တဲ့ တစ်ခြားမိန်းမတွေနဲ့ မတည်ဆောက်ချင်ဘူး၊တည်ဆောက်နိုင်မယ် မထင်ဘူး"
"ခက်လိုက်တာ သားရယ်"

မာမီ့ညည်းညူးသံကြောင့်နေဂုဏ်ထည်သည်

"မာမီ သားကို စိတ်မပူပါနဲ့၊အခုဆို မယ်က ကျွန်တော့်ဇနီးဖြစ်နေပါပြီ"
"ဇနီးတစ်ယောက်အနေနဲ့တော့ ယူဆတယ်ပေါ့ နေဂုဏ်ထည်၊မယ့်ကို လက်ထပ်တာ ဘာကြောင့်ဆိုတာ အခြားသူထက် မာမီပိုသိတယ်၊သားနဲ့သစ္စာတို့ နေမဲ့ ဟေမြိုင်ဝန်ရိပ်မြုံမှာ နေမဲ့အစီအစဉ်အပြင် အခြားအကြောင်းအရာတွေကို မာမီသိသေးတယ်သား"

"ကျစ် ပိုင်သက်ကကွာ"
"ပိုင်သက်နဲ့ဘာမှ မဆိုင်ဘူးသား"

သားအမိနှစ်ယောက်ကြား တိတ်ဆိတ်သွားလေတော့ ပတ်ဝန်းကျင်မှ ကျေးငှက်လေးများ၏ အော်မြည်သံကို ကြားနေရသလို တီတီတာတာ တွန့်ကျူးသံကိုလည်း ကြားရ၏။

နှလုံးသားထဲက သံစဉ်Where stories live. Discover now