အဆိုတော် ရာဇာချမ်း၊အဆိုတော် မယ်တို့၏ စုံတွဲခွေ လက်မှတ်ထိုးပွဲ"မိုး မယ်ကော"
"ဟိုမှာ ကိုမြတ် ၊ချမ်းနဲ့စကားပြောနေတယ်"ကိုမြတ်အမေးကို မိုးပြောပြလိုက်တာနဲ့ လေအလျင်လို မယ့်ဆီသွားတဲ့ ကိုမြတ်ကျောပြင်ကြည့်ကာ မိုးသက်ပြင်းကျမိလိုက်လေ၏။
"မယ် လာတော့လေ၊လက်မှတ်ထိုးပွဲ စတော့မယ်"
"ဪ ကိုမြတ် ၊ဟုတ် မယ်လာပြီ၊ကိုချမ်းသွားကြမယ်လေ"
"အိုကေ မယ်"
ကိုမြတ်ဘေးကနေ မယ်လျှောက်လာရင်း"ကိုမြတ် ဟိုနေ့က ကိစ္စအတွက် မယ်တောင်းပန်ပါတယ်နော်"
"ရပါတယ် မယ်ရယ်၊ကို ဘယ်လိုမှ မထင်ပါဘူး၊မယ်ကော အဆင်ပြေရဲ့လား"
"ဟုတ် ပြေပါတယ်"မယ်နှင့်ကိုမြတ်တို့ မမမိုးအနားရောက်လာတာနဲ့ မယ့်လက်ကို ဆွဲ၍
"မယ် "
"ဟင် "
"ဒီမှာကြည့်စမ်း" ဆိုကာ ပန်းစည်းအကြီးကြီးကို လက်ညှိုးထိုးပြလေ၏။"အင်း ပန်းစည်းလေးမမ"
"အင်း ပန်းစည်းဆိုတာ မမသိတယ်လေ၊ပို့သူနာမည်ကိုကြည့်ပါအုံး"မမမိုးအပြောကြောင့် မယ်card ကိုကြည့်ရာတွင်
"နေဂုဏ်ထည်၏ ဂုဏ်ပြုပန်းစည်း"
"ဟင် မမ၊ဦးနေက ...."
မယ်မမမိုးလက်ကို လွှတ်ချကာ ဓာတ်လှေကားမှ ဆင်းသူတွေထဲမှ ဦးနေအားရှာကြည့်မိလေ၏။
မိုးတစ်ယောက် မယ်အနားသွားကာ"မယ် Producer ဦးဝေယံညီခေါ်နေပြီ ...လာ"
"ဦးဝေယံ "
"အေး မယ်နဲ့ချမ်း ထိုင်တော့ ပွဲစတော့မယ်"
"ဟုတ် မမမိုး ဦးနေပန်းစည်းကို ကားထဲ သွားထည့်ပေးထားနော်"မယ်နဲ့ကိုချမ်းတို့၏ စုံတွဲတေးသီချင်းခွေကို
လက်မှတ်ထိုးပြီး ပရိတ်သတ်လက်ထဲ အရောက်ပို့နိုင်ခဲ့လေသည်။ မယ်သည် အနုပညာလောကအတွင်း နှလုံးသွေကြောသီချင်းဖြင့် အောင်မြင်လာသလို စုံတွဲသီချင်းများစွာဖြင့်ပါ အောင်မြင်လာခဲ့လေသည်။
Solo Album ထုတ်ဝေရန် producer နှင့် သီချင်းအပုဒ်ရေများစွာ ရွေးချယ်လို့ ပြီးချေပြီ။အသံသွင်းရန်သာ ရှိတော့၏။အားလုံးပြီးဆုံးသွားချိန်တွင် မယ်မမမိုးလက်ကိုဆွဲကာ အမြန်ပြန်ရန် တိုက်တွန်းမိ၏။
"မယ် နေအုံးလေ၊အဖွဲ့သားတွေက စောင့်အုံးတဲ့လေ"
"မယ် ပြန်ချင်ပြီလို့"
"အေးပါမယ်ရယ်၊ငြိမ်ငြိမ်နေ မယ်အခုငြိမ်ငြိမ်နေရင် ဆရာနေ ပါးလိုက်တဲ့စကားကို မမပြောပြမယ်"
YOU ARE READING
နှလုံးသားထဲက သံစဉ်
Romanceအဆိုဝါသနာပါတဲ့ မယ်နှောင်းတင့်တယ် တေးရေးဆရာ နေဂုဏ်ထည် ဆရာဝန် သစ္စာတို့ရဲ့ အချစ်ဇာတ်လမ်းလေး မယ့်ကြောင့် ဦးနေ အမြင်အာရုံ ဆုံးရှုံးခဲ့ရသလို ဦးနေချစ်သူလဲ သေဆုံးခဲ့ရတယ် ချစ်သူအတွက် အမုန်းကြီးမုန်းတဲ့ မယ့်ကို လက်ထပ်လိုက်တဲ့ နေဂုဏ်ထည် ဘာတွေဆက်ဖြစ်မလဲဆိုတာတ...